မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ချောင်းဆုံကျေးရွာ “ရွာဦး” ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်

 

နေပြည်တော်   စက်တင်ဘာ    ၃၀


NUG  နှင့်   PDF  အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်း များတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ  ပြုလုပ်လျက် ရှိသည့်အပြင်      သာသနာပိုင်  အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ      အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊      မိုင်းထောင်ဖောက်ခွဲခြင်း နှင့်      ရဟန်းသံဃာတော်များအား      ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခြင်းများ    လုပ်ဆောင်လျက်ရှိ သည်။

 


ထိုသို့    လုပ်ဆောင်လျက်ရှိရာ   ယနေ့နံနက် ၁ နာရီခွဲတွင်  မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တညောင်တင့်ကျေးရွာအုပ်စု  ချောင်းဆုံကျေးရွာရှိ “ရွာဦး” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာ တော် ဥူးသုန္ဒရ သက်တော်(၆၀)နှစ် (ဝါတော်) ၂၅ဝါ (ခမည်းတော်) ဦးသက်တင်သည် ဘုန်းကြီးကျောင်း အတွင်း၌    အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဖိုးလွင် (၁၈)နှစ် (ဘ)ဦးလှမြင့်၊ ဦးဖိုးလွယ်(၃၀)နှစ် (ဘ)ဦးသာထူးတို့နှင့်အတူရှိနေစဉ် PDF အကြမ်း ဖက်သမား ၁၅ ဦးခန့် ရောက်ရှိလာပြီး ဆရာတော်နှင့် ဦးဖိုးလွယ်ပါ သုံးဦးအား ချောင်းဆုံကျေးရွာ၏ အရှေ့ ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တောစပ်အရောက်၌ ဦးဖိုးလွယ်နှင့် မောင်ဖိုးလွင် တို့အား   ပြန်လည်စေလွှတ်ပေးကာ  ဆရာတော် ဉူးသုန္ဒရအား တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

 


အကြမ်းဖက်သမားများ၏     အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ် များမှ   PDF   အကြမ်းဖက်သမားများ   ဖမ်းဆီး ခေါ်ဆောင်သွားသည့်    ချောင်းဆုံကျေးရွာ     “ရွာဦး” ဘုန်းတော်ကြီးကျောင်းမှ  ကျောင်းထိုင်ဆရာတော်   ဥူးသုန္ဒရအား  ပြန်လည်ကယ်တင်နိုင်ရေး    နယ်မြေ လုံခြုံရေးတပ်ဖွဲ့ဝင်များက       လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း    သတင်းရရှိသည်။ 


သတင်းစဉ်