
နေပြည်တော် ဇန်နဝါရီ ၁၂
မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၌ ပညာရေး ဝန်ထမ်း တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင် နှစ်ဦး တို့ကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။
ထိုသို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နံနက် ၄ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဦးနှောက်)မှ အထက်တန်းပြဆရာဖြစ်သူ လယ်ကန်းကျေးရွာနေ ဦးရဲဝင်းသန့်(၂၄)နှစ် (ဘ)ဦးဝင်းနိုင်သည် မြစ်ကြီးနား မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဦးအောင်ဖုန်း မောင်းနှင်သော 1H/1649 “အောင်ဇေယျ”ခရီးသည်တင်ယာဉ်ဖြင့် ထီးလင်း-ပေါက်- ပခုက္ကူကားလမ်း အတိုင်း လိုက်ပါစီးနင်းလာစဉ် အကြည် ဘန်းကျေးရွာ ဒေသအခေါ် ချောက်(၃)ချောက်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့အင်အား ၃၀ ခန့်က မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ပြီး ဦးရဲဝင်းသန့်အား ယာဉ်ပေါ်မှဆွဲချကာ ငဆင်း-တိကျေးရွာသွား တောလမ်း အတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝယာကျေးရွာနေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်း စာရေးများ ဖြစ်သည့် ဦးရာဇာအောင်(၃၀နှစ်) (ဘ)ဦးဉာဏ်ထွန်းနှင့် ဦးမျိုးအောင် (၅၉ နှစ်)တို့သည် လစာငွေများနှင့် မသန်စွမ်းထောက်ပံ့ ငွေများထုတ်ယူ၍ ကနီမြို့မှ ပြန်လည်ထွက်ခွာလာစဉ် ဝယာကျေးရွာ လမ်းခွဲအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဦးရာဇာ အောင်နှင့် ဇနီး ဒေါ်သင်းသင်းဌေးတို့အား လစာငွေကျပ် ၁၈၆၀၀၀၊ ဦးမျိုးအောင်နှင့် သမီးဖြစ်သူ မတင်နွယ်လှိုင်တို့အား မသန်စွမ်းသူ ၂၉ ဦးအတွက် ထောက်ပံ့ ငွေကျပ် ၁၀၅၆၀၀၀ တို့နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကလေးမြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်သည် မိတ္ထီလာ ခရိုင်သာသနာရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန်အတွက် ကလေးမြို့မှ မိတ္ထီလာမြို့သို့ “ရွှေလွင်ပြင်” ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာသွားလာစဉ် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး တန့်ဆည်မြို့နယ် တောင်ကျောင်းကျေးရွာအနီး အရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့က အဆိုပါ မော်တော်ယာဉ် ကို တားဆီးကာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် ၁၀ ဦးအနက် ဦးမျိုးမြင့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်များမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့်အညီ စုံစမ်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်