မကွေးမြို့နယ် သမန်းတောကျေးရွာအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၄


မကွေးတိုင်းဒေသကြီး    မကွေးမြို့နယ်    သမန်းတောကျေးရွာရှိ သံဃာတော်များနှင့်  ဒေသခံပြည်သူများကို  ယနေ့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က  အဆိုပါကျေးရွာ၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် များနှင့်    ဒေသခံပြည်သူစုစုပေါင်း ၁၀၉ ဦး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊  ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မကွေးတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးကြောင်း သတင်းရရှိသည်။


သတင်းစဉ်