မကွေးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကျင်းပ

 

မကွေး   အောက်တိုဘာ  ၄


မကွေးတိုင်းဒေသကြီး   မီးသတ် ဦးစီးဌာနက   စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ပိုင်းက  မကွေးမြို့ရှိ  မီးသတ်ဦးစီး ဌာန၌    ကျင်းပရာ  မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်   တက်ရောက်        အမှာစကား ပြောကြားသည်။ 

 


အခမ်းအနားတွင်   တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်က အမှာစကား    ပြောကြားရာတွင်   မျက်မှောက် ခေတ်ကာလ၌        ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု     ဖြစ်စဉ် များကြောင့်       မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီး တွင်      ငလျင်ဘေးအန္တရာယ် အပါအဝင်        အခြားသော ရုတ်တရက်ဖြစ်ပွား တတ်သော  ဘေးအန္တရာယ်များ    ကြုံတွေ့ရပါက      အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှု    နည်းပါးသည် ထက်   နည်းပါးစေရန်   ကြိုတင် မျှော်မှန်း၍     တိုင်းဒေသကြီး/ ပြည်နယ်၊    ခရိုင်၊   မြို့နယ်များ အလိုက် ယခုလို ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ      သင်ကြား လေ့ကျင့်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလတွင်   သင်တန်း သားများအနေဖြင့် သင်တန်းက ချမှတ်ထားသည့်    စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြား ချက်များကို       လိုက်နာကြရန် နှင့် သင်တန်းနည်းပြများကလည်း လေ့ကျင့်ချိန်များတွင်   မတော် တဆ    ထိခိုက်မှုများ   မဖြစ်ပွား အောင်    ဂရုစိုက်ကြပ်မတ်ကြရန် လိုကြောင်း    ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများက ခေတ်မီရှာဖွေ      ကယ်ဆယ်ရေး   ပစ္စည်းကိရိယာ များ   ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များ  မှာကြားကြောင်း သိရသည်။

 


အဆိုပါ        သင်တန်းကို အောက်တိုဘာ ၃ ရက်မှ ၁၄ ရက် အထိ    အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊   ပရဟိတလူမှုရေးအသင်း အဖွဲ့ဝင်များ၊   ကြက်ခြေနီအသင်း အဖွဲ့ဝင်များ   စုစုပေါင်း   ၅၀ တက် ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ 


အောင်ချမ်းသာ(ပြန်/ဆက်)