မြို့သစ်မြို့၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ

 

မြို့သစ်   စက်တင်ဘာ    ၂၈


မကွေးတိုင်းဒေသကြီး  မြို့သစ်မြို့နယ်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊     မွေးမြူရေးနှင့်   ကုသရေးဦးစီးဌာနက (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီ က စတင်ထိုးနှံပေးကြောင်း သိရသည်။

 


ထိုသို့   ခွေးရူးရောဂါကာကွယ်ဆေး   အခမဲ့ထိုးနှံခြင်းကို    မြို့သစ် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ အေးမြမြ ငြိမ်းချမ်း ဦးဆောင်၍ ဌာနဝန်ထမ်း(CAHW) တို့က မြို့ပေါ်နှင့် ကျေးရွာ ၁၀ ရွာရှိ (ခွေး၊ ကြောင်)အကောင်ရေ ၉၀ အား ခွေးရူးရောဂါကာကွယ် ဆေး   အခမဲ့ထိုးနှံပေးခဲ့ပြီး   အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။              

 

 သန်းဝင်းထွန်း(ပြန်/ဆက်)