မြို့နယ်များသို့ သင့်တင့်သောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ လက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်လို

 

ရန်ကုန်  စက်တင်ဘာ  ၁၂
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃) ကို စက်တင်ဘာ ၁၁ ရက် နံနက် ပိုင်းက တိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုး သိန်းနှင့် တိုင်းဒေသကြီး  ဝန်ကြီး များ၊ တိုင်းအဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး  အထွေ ထွေအုပ်ချုပ်ရေး    ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၀ ရက်ကပြုလုပ်ခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် တို့အား    ထပ်ဆင့်ရှင်းလင်းပြ သည်။
ဝိုင်းဝန်းဆောင်ရွက်‌ရန်လိုအပ်
ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ စိုက်ပျိုးရေးပန်းတိုင် ရည်မှန်းချက်   ပြည့်ဝအောင်နှင့် သီးထပ်စွမ်းအား မြှင့်တင်ဆောင် ရွက်ရန်၊ ဆည်မြောင်းရေသောက် စနစ်မှ    သောက်ရေ၊  သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက် ရန်၊ ပြည်သူများ တည်ငြိမ်အေးချမ်း စွာ     လုပ်ကိုင်နေထိုင်လျက်ရှိရာ အဖျက်အမှောင့်လုပ်ရပ် လုပ်ကိုင် သူများက ဝါဒဖြန့်လုပ်ကြံသတင်း များဖြင့် ဖော်ပြလျက်ရှိပြီး သတင်း လက်ဦးမှုရရှိရေး ဆောင်ရွက်ရန်၊ တစ်မြို့နယ်လျှင်      စားသုံးဆီ ခြောက်ပီပါအထိတိုး၍ သင့်တင့် သောဈေးနှုန်းဖြင့်    ရောင်းချပေး လျက်ရှိရာ စားသုံးသူပြည်သူများ လက်ဝယ်အရောက်    တိုက်ရိုက် ရောင်းချနိုင်ရေး     တာဝန်ရှိသူ အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက် သွားရန်နှင့် ဈေးနှုန်းအမြတ်တင်ရောင်းချနေမှုများကိုလည်း အရေး ကြီးကုန်ပစ္စည်းဥပဒေအရ အရေး ယူနိုင်ရေးဆောင်ရွက်ရန်၊ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း   ကောက် ယူနိုင်ရေးအတွက် ပဏာမစမ်းသပ် ကောက်ကွက် ၁၀၀   ကောက်ယူ မည်ဖြစ်ရာ     ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များ    ခရိုင်အလိုက်       ကျင်းပ နေရာ တာဝန်ရှိသူအဆင့်ဆင့်က လုံခြုံရေးမှအစ    ကဏ္ဍအလိုက် ပြိုင်ပွဲ       ပြီးဆုံးသည်အထိ  ဝိုင်းဝန်းဆောင်ရွက်‌     ပေးကြရန် နှင့်    လိုအပ်သည်များ မှာကြား သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍  တိုင်းဒေသကြီး အစိုးရအဖွဲ့     အတွင်းရေးမှူး ဦးညီညီမင်းက   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ ၏    ခရီးစဉ်လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို    ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဌာနဆိုင်ရာများ ၏   တင်ပြချက်များ၊   ရှေ့ဆက် ဆောင်ရွက်မည့်    လုပ်ငန်းကဏ္ဍ များနှင့်စပ်လျဉ်း၍  လိုအပ်သည် များမှာကြားပြီး     လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးညှိနှိုင်းပေါင်းစပ်   ဆောင်ရွက်ကြ ရန်   ပြောကြားခဲ့ကြောင်း    သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)