မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်   နိုဝင်ဘာ    ၂၂ 


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင်  နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို  အင်တိုက်အားတိုက်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


သို့ရာတွင် NUG ၊ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာ သင်ကြား သင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍  ပညာမဲ့လူတန်းစားများ      ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များ ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ   အဆောက်အဦများ   မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့်  ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း  စသည့်  နည်းလမ်းမျိုးစုံ  အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်  နံနက်  ၁၀  နာရီခန့်တွင်  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာသို့ PDF အမည်ခံအကြမ်း ဖက်သမားများ  ရောက်ရှိလာပြီး  အဆိုပါကျေးရွာ နေ     မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းစောင့်ဖြစ်သူ ဦးစန်းလွင် (၅၆) နှစ် (ဘ)ဦးအောင်ဖေနှင့် ၎င်း၏သမီးဖြစ်သူ ပေါက်မြို့နယ် မြသိန်းတန်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ဒုတိယအလယ်တန်းပြကျောင်းဆရာမ ဖြစ်သူ မဇင်ဝေလွင် (၃၅) နှစ်တို့အား “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်  သတ်ဖြတ်သွားခဲ့သဖြင့် ဦးစန်းလွင်နှင့် မဇင်ဝေလွင် တို့တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 


အလားတူ မွန်းလွဲ ၁၂ နာရီခန့်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် သဲဖြူချောင်းဝကျေးရွာရှိ  အခြေခံပညာမူလတန်းကျောင်းသို့  PDF  အမည်ခံ အကြမ်းဖက်သမားများ ရောက်လာပြီး ကျောင်းဝင်း အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ   အဆိုပါကျောင်းရှိ   ကျောင်းနံရံများ၊ အိမ်သာနံရံများ၊  စာရေးစားပွဲခုံများ၊  ကျောင်းသုံး စာအုပ်များ အပေါ်တွင် သင်္ဘောဆေးများဖြင့် “PDF/PDS” စာသားများ ရေးသားထားကာ စာသင်ကျောင်း အတွင်းရှိ  ဗီရိုများ၊  ရုံးသုံးပစ္စည်း   စာရေးကိရိယာ များအား မွှေနှောက်ဖျက်ဆီးခဲ့သဖြင့် ကျောင်းသုံး စာရွက်စာတမ်းများ   ပျက်စီးခဲ့ကြောင်းနှင့်   သဲဖြူ  ချောင်းဝ      အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆရာ၊   ဆရာမ  သုံးဦးမှ   ကျောင်းသား၊ ကျောင်းသူ ၅၀ တို့ကို  ပညာသင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

 


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက   စုံစမ်းဖော်ထုတ် လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးအနေဖြင့်လည်း   ယခုကဲ့သို့   ယုတ်မာရိုင်းစိုင်း သည့်လုပ်ရပ်ကို   ကျူးလွန်ခဲ့သည့်၊   ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြ ရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်း များရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သတင်းရရှိသည်။            

သတင်းစဉ်