မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့ကို လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

 

နေပြည်တော် ဇူလိုင် ၂


တိုင်းဒေသကြီး၊   ပြည်နယ်များရှိ    မြို့နယ်အချို့တွင်    အုပ်ချုပ်ရေးပိုင်းဆိုင်ရာ    တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်နေကြသော    ပြည်သူလူထုအချို့ကို    လူထုအတွင်း   အကြောက်တရားများလွှမ်းမိုး လာစေရန်နှင့်  ငါနှင့်မတူ  ငါ့ရန်သူ ဟူသည့် တစ်ဖက်သက်အစွန်းရောက်       လက်နက်ကိုင်အကြမ်းဖက် သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ   အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေး


ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇူလိုင် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး    ပုလဲမြို့နယ်   ကမ္ဘားရပ် ကျေးရွာနေ    ဦးကျော်ဦး(၃၉နှစ်)  (ဘ)ဦကံနှင့် ဦးဝင်းပေါ (၅၅နှစ်) (ဘ)ဦးဘတင်တို့ပါ ကျေးရွာသား ၁၆ ဦးတို့သည်    မုံရွာမြို့ရှိ     စတာပါနာကုမ္ပဏီမှ ချေးငွေထုတ်ယူ၍ မော်တော်ယာဉ်ဖြင့်ပြန်လာစဉ် ပုလဲမြို့နယ်      ပုပ္ပားကျေးရွာနှင့်    ယင်းမာပင်မြို့နယ် တမာပင်ခွကျေးရွာကြားရှိ ဆည်မြောင်းလက်တံ အမှတ် ၅ အရောက်တွင်  မျက်နှာဖုံးများ  တပ်ဆင် ထားပြီး  တူမီးသေနတ်များ ကိုင်ဆောင်ထားသော အကြမ်းဖက်သူအင်အား ၄၀ ခန့်က ဦးကျော်ဦးတို့ စီးနင်းလာသော မော်တော်ယာဉ်ကို တားဆီးကာ ယာဉ်ပေါ်ပါသူများကို      ယာဉ်ပေါ်မှဆင်းခိုင်းခဲ့ ကြောင်း၊  ကျေးရွာသား ၁၄ ဦးကို  မှောက်ခိုင်းပြီး လက်ပြန် ကြိုးတုပ်ချည်နှောင်ထားကာ     ဦးကျော်ဦး နှင့် ဦးဝင်းပေါတို့ ၂ ဦးကို တူမီးသေနတ်ဖြင့် ပစ်ခတ်၍  ဦးကျော်ဦးတို့    ၂ ဦးထံမှ    ငွေနှင့်      လက်ကိုင်ဖုန်း  ၂လုံးတို့ကို     ယူဆောင်၍     ထွက်ခွာ သွားခဲ့သဖြင့် ဦးဝင်းပေါမှာ ကျည်ထိမှန် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်    သေဆုံးသွားခဲ့ပြီး   ဦးကျော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိ သဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက် စစ်ဆေးခဲ့သည်။ 


သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး


အလားတူ   ယနေ့နံနက်ပိုင်းတွင်  မန္တလေးတိုင်း ဒေသကြီး   စဉ့်ကူးမြို့နယ်    နွယ်ရုံကျေးရွာနေ ဦးအောင်မြင့်(၅၉နှစ်)   ကျေးရွာတာဝန်ခံ (ဘ) ဦးရွှေသွေးသည် မန္တလေး- မိုးကုတ်ကားလမ်း ဘေးရှိ ဦးသန်းအေး  (၄၄နှစ်) (ဘ)    ဦးတင်အောင်၏ “အောင်ချမ်းမြေ့” ကွမ်းယာဆိုင်၌ ကွမ်းယာဝယ် ယူနေစဉ် မန္တလေး- မိုးကုတ် ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့်    အကြမ်းဖက်သူ အမျိုးသား နှစ်ဦး (စိစစ်ဆဲ)အနက် အနောက်မှလိုက်ပါ လာသူက သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့်  ဦးအောင်မြင့်၏ ဝဲရင်အုံ၊ လည်ပင်း၊ နောက်ကျောတို့တွင် ထိမှန်ဒဏ်ရာများရရှိသေဆုံးခဲ့ပြီး ကွမ်းယာဆိုင်ပိုင်ရှင် ဦးသန်းအေး၏ ယာလက်ခုံ ဖောက်ဝင်    ဒဏ်ရာရရှိခဲ့ကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ပြီး ဦးအောင်မြင့်နှင့် ဦးသန်းအေးတို့ကို စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကာ အခင်း ဖြစ်နေရာ ဝန်းကျင်မှ  9 mm ကျည်ခွံ ၅ခု သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


 စုံစမ်းဖော်ထုတ်လျက်ရှိ


အထက်ပါဖြစ်စဉ်များတွင်   အုပ်ချုပ်ရေး  ပိုင်း ဆိုင်ရာ    တာဝန်ရှိသူများနှင့်  အေးချမ်းစွာနေထိုင် နေကြသော ပြည်သူလူထုများကို ငါနှင့်မတူ ငါ့ရန်သူ ဟူသည့်  တစ်ဖက်သက်    အစွန်းရောက်မှုအပေါ် အခြေခံကာ    အကြောင်းမဲ့ရက်စက်စွာ  လုပ်ကြံ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ က    စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိ သည်။      

သတင်းစဉ်