မိုးညှင်းနှင့် နမ့်စန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၅ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ    ပါဝင်သော ပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာ ၂၃ ရက်  မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်        ပင်လုံကျေးရွာ အုပ်စု     နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်း          စစ်ဆေးရေးဂိတ်တွင် ဝင်းမင်းဦး         (ခ)  ပြာလောင် မောင်းနှင်ပြီး   သက်လွင်ထွန်း(ခ) ကိုသက်             လိုက်ပါလာသည့် Mitsubishi Fuso  အမျိုးအစား ခရီးသည်တင်    မော်တော်ယာဉ် ကို         ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate        ကီလို ၂၀၀၀ ကိုလည်းကောင်း   (ဝဲပုံ)၊ အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ   ပါဝင် သောပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာ ၂၄ ရက်  နံနက် ၁၁ နာရီ ၅၅ မိနစ် တွင်   နမ့်စန်မြို့နယ်    မက်မွန်မုန်း          ကျေးရွာအုပ်စု  နမ့်မော်ခေါက်ဆင့် ကျေးရွာအနီး    နမ့်စန်-ခိုလမ်သွား ကားလမ်းတွင်   စိုင်းကျော်ခေါင် မောင်းနှင်လာသည့်  Mitsubishi Triton အမျိုးအစား မော်တော်ယာဉ် ကို     ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းညိုမှုန့် ကီလို ၆၀ သိမ်းဆည်း ရမိခဲ့သဖြင့်    ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲ စေသော       ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း   သိရသည်။                  

ရဲပြန်ကြား