မိုးညှင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် နောင်ချိုမြို့တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၅  
မိုးညှင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် နောင်ချိုမြို့တို့၌  မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာအနီး  နန့်မွန်း-မပြင်သွား  ကားလမ်းတွင် ဇော်မျိုးဝင်း(ခ)ကိုနှောင်း  မောင်းနှင်ပြီး အောင်ကိုဝင်း  လိုက်ပါလာသည့် Pajero အမျိုးအစား  မော်တော်ယာဉ်အား   ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ  ၂ ဒသမ ၇၅ ကီလိုကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၄ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော     ပူးပေါင်းအဖွဲ့သည်    မိုင်းဆတ်မြို့နယ် လွယ်ပါရင်(၁)ကျေးရွာအနီး  မိုင်းတွမ်း- တာချီလိတ်သွား  ကားလမ်းတွင် အားအောင် မောင်းနှင်လာသည့်  ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ကိုလည်းကောင်း၊   ထို့အတူ ဇန်နဝါရီ ၄ ရက်  မွန်းလွဲ ၃ နာရီခွဲတွင်    မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် WISH အမျိုးအစား ခရီးသည်တင်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ  ယာဉ်ပေါ်ပါခရီးသည် မမြသွေးထံမှ   စိတ်ကြွရူးသွပ်ဆေးပြား   ၁၀၈၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော    ဆေးဝါးများဆိုင်ရာ     ဥပဒေအရ   အရေးယူထားကြောင်း သိရသည်။                          
 သတင်းစဉ်