မိုင်းယောင်း အောက်တိုဘာ ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်း ယောင်းမြို့နယ်၌ အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ် (၉) ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၄၆ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီဖြင့် ကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
နန်းပန်



