မိုင်းရယ်၌ ဆေးထိုးနှံခွင့်ရှိသူ ၂၃၅ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 

မိုင်းရယ်  အောက်တိုဘာ   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က နမ့်ရယ်ခန်းမ၌ ပြည်သူ ၂၃၅ ဦးကို  ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

 


ဆက်လက်ထိုးနှံပေးသွားမည်


အသက်(၁၈)နှစ်အထက် ဒုတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံ ရမည့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်မှုမှာ ၂၀၅ ဦး၊ တတိယအသုတ် (ပထမအကြိမ် ) ထိုးနှံရမည့် ဦးတည်အုပ်စုများအလိုက် ထိုးနှံနိုင်မှုမှာ ၃၀ ဖြစ်ကြောင်းနှင့်    ဆေးထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။

 


 ပူးပေါင်းဆောင်ရွက်


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။  

                                                    
   မိုင်းရယ်(ပြန်/ဆက်)