
မိုင်းရယ် နိုဝင်ဘာ ၄
မိုင်းရယ်မြို့နေပြည်သူများ ကိုဗစ် ရောဂါ ကာကွယ်ရေးစည်းကမ်း များနှင့်အညီ သွားလာနေထိုင် ရန်အတွက် နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်း နှင့် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက မိုင်းရယ်မြို့ မြို့မဈေးကြီးနှင့် မြို့လယ်ဘုရား ရှေ့တို့တွင် ပြုလုပ်သည်။
နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး မင်းအောင် ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ပြည်သူ များအား ပါးစပ်၊ နှာခေါင်းစည်းများ ကို စနစ်တကျ တပ်ဆင်စေပြီး စုစုပေါင်း နှာခေါင်းစည်း ၁၅၀၀ ခန့်ကို ဖြန့်ဝေပေးကြောင်း သိရသည်။
မိုင်းရယ် မြို့နယ်အတွင်း ရောဂါပိုး တွေ့ရှိသူများအား မိုင်းရယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့် ကုသလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာ ရေး ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ပြည်သူလူထု အားလုံး နှာခေါင်းစည်းများ စနစ် တကျ တပ်ဆင်ရေး၊ ရောဂါ ကာကွယ်ရေးစည်းကမ်းများအား အလေးထားလိုက်နာ ပေးကြပါ ရန် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိသည်။
မိုင်းရယ် (ပြန်/ဆက်)