မိုင်းပျဉ်း-တာကော် ကားလမ်း ၇ မိုင်နှင့် ၉ မိုင်ကြားတွင် တောင်ပြိုလမ်းပိတ်ဆို့မှုရှင်းလင်းပြီး၍ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်

 

မိုင်းပျဉ်း  ဇူလိုင်   ၂၃


ရှမ်းပြည်နယ်         (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်   မိုင်းပျဉ်းမြို့နယ် အတွင်း   ဇူလိုင်   ၂၁    ရက်က အဆက်မပြတ်    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    ဆင်မောင်း ကျေးရွာအုပ်စုရှိ     မိုင်းပျဉ်း- တာကော်ကားလမ်း ၇ မိုင်နှင့် ၉ မိုင် ကြားတွင် တောင်ပြို၍ လမ်းပိတ် ဆို့မှုများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက   ရှင်းလင်း ပေးခဲ့သဖြင့် ယနေ့တွင် ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ  ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ     မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    ဆင်မောင်း ကျေးရွာအုပ်စု   (၉) မိုင်ကျေးရွာ လမ်းဘေး ယာယီတဲထိုးနေထိုင် သည့်    လမ်းအထူးအဖွဲ့  (၃)  မှ ဦးအာကာကျော်ပါ    အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး  ရေစီး မျောပါခဲ့ရာ ယမန်နေ့  ညနေပိုင်း အထိ လေးဦးအား အသက်ရှင်လျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

 


ထို့အပြင်     ကျန်ရှစ်ဦးအား ဌာနဆိုင်ရာများ၊   အသင်းအဖွဲ့ များက   ဆက်လက်ရှာဖွေလျက် ရှိပြီး   တောင်ပြိုမှုကြောင့်   လမ်း ပိတ်ဆို့မှုဖြစ်ခဲ့ခြင်းကို သက်ဆိုင် ရာဌာနများမှ    အမြန်ပူးပေါင်း ရှင်းလင်းပေးခဲ့သဖြင့်   ယနေ့တွင် ယာဉ်များ     ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်/ဆက်)