မိုင်နို၏ နောက်ကျသွင်းဂိုးကြောင့် ဝုဖ်ကို လေးဂိုး-သုံးဂိုးဖြင့် မန်ယူ အနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ ဖေဖော်ဝါရီ ၂  ရက် နံနက် ၂ နာရီ ၄၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝုဖ်နှင့် မန်ယူအသင်းပွဲစဉ်တွင် မန်ယူအသင်းက မိုင်နို၏ နောက်ကျသွင်းဂိုးကြောင့် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ပွဲစဉ်မှာ နှစ်ဖက်သွင်းဂိုးပေါင် ခုနစ်ဂိုးရှိသည်အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ မန်ယူ အသင်း အတွက် သွင်းဂိုးများကို ရက်ဖို့ဒ်၊ ဟွိုက်လန်း၊ တွန်မီနေးနှင့် မိုင်နိုတို့က သွင်းယူပေးပြီး ဝုဖ်အသင်း အတွက် သွင်းဂိုးများကို ဆာရာဘီယာ၊ ကီးလ်မန်းနှင့် နီတိုတို့က သွင်းယူပေးနိုင်ခဲ့သည်။ 


မန်ယူအသင်းသည် ယခု အနိုင်ပွဲကြောင့် ၂၂ ပွဲကစားပြီး ရမှတ် ၃၅ မှတ်ရရှိလာပြီ ဖြစ်သည်။ ပြိုင်ဘက် ဝုဖ်အသင်းက ယခုပွဲ ရှုံးနိမ့်မှုကြောင့် ရှုံးပွဲ ကိုးပွဲအထိ ရှိလာပြီ ဖြစ်သည်။ ထို့အပြင် ဝုဖ်အသင်းသည် ယခုပွဲရှုံးနိမ့်မှုမှာ ဒီဇင်ဘာ ၁၇ ရက်က ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ခြင်း လည်း ဖြစ်သည်။ 

မိုးဇက်