မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 

နေပြည်တော်   ဇူလိုင်    ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ် ခြင်းကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါဒေသများရှိ  ခန်းမအသီးသီး၌ ပြုလုပ်ရာ  တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက  အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် တိုင်းမှူးနှင့်  တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ရာ  တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ကြပြီး  အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                 

သတင်းစဉ်