
မိုင်းကိုင် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင် မြို့နယ်၌ တိုင်းရင်းသား လက်နက်ကိုင်များ၏ နှစ်ဖက် စစ်ပွဲများကြောင့် ကျေးလက်နေ ပြည်သူများနှင့် ၎င်းတို့၏ ကလေး ငယ်များ မြောက်မြားစွာ စစ်ဘေး တိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင် စခန်းများတွင် ရောက်ရှိနေသော ကလေးငယ် များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင် ပေးနိုင်ရေး အတွက် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် သမအသင်းများ ပူးပေါင်းကာ ဇန်နဝါရီ ၉ ရက်က စစ်ဘေးရှောင် စခန်းများအထိ ကွင်းဆင်းပြီး ကလေးငယ်များနှင့် အတူ ပျော်ရွှင်ဖွယ်ကစားနည်းများ ဖြင့် ဆော့ကစားခြင်း၊ ကလေး များအတွက် ကစားစရာနှင့် အာဟာရဖြစ်စေသည့် မုန့်များ၊ သစ်သီးဖျော်ရည်ဘူးများ ဝေငှ ခြင်းများပြုလုပ်ခဲ့သည်။
စစ်ဘေးရှောင်စခန်းများမှာ ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ကျောင်းခမ်းကျောင်း၊ ကျောင်းခမ်း (ဓမ္မာရုံ) ကျောင်း၊ မဟတ်ကျောင်း၊ မွေတော်မြောက် ကျောင်း၊မွေတော် တောင်ကျောင်း၊ ကျောင်းကန်စာသင်တိုက်၊ နားလုံ ကျောင်း၊ လွယ်လိုင်ကျောင်း၊ နန်းဦးပျဉ်ကျောင်းများဖြစ်ကြသည်။
စစ်ဘေးရှောင်နေကြရသည့် ကျေးလက်နေ ပြည်သူများမှာ ဟိုနားကျေးရွာအုပ်စုမှ ကျေးရွာ ခုနစ်ရွာ၊ ပန်ကေတုကျေးရွာအုပ်စု မှ ကျေးရွာ ခြောက်ရွာ၊ ဝမ်လုံ/ ယန်းလွယ်ကျေးရွာ အုပ်စုမှ ကျေးရွာသုံးရွာ၊ ဟမ်းငိုင်း ကျေးရွာ အုပ်စုမှ ကျေးရွာ သုံးရွာ၊ မိုင်းခွန် ကျေးရွာအုပ်စုမှ ကျေးရွာ နှစ်ရွာ တို့ဖြစ်ကြပြီး အိမ်ခြေ/လူဦးရေ အားဖြင့် အိမ်ထောင်စုပေါင်း ၅၇၂ အိမ်ထောင်စုရှိသည့်အနက် အသက် ၁၈ နှစ် အထက် ၅၅၆ ဦး၊ အသက် ၁၈ နှစ် အောက် ၁၄၇၅ ဦး၊ အသက် ၁၂နှစ် အထက် ၁၇၀၅ ဦး၊ အသက် ၁၂ နှစ်အောက် ၃၂၆ ဦးရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စာရင်းများအရ သိရသည်။
သို့ဖြစ်၍ စစ်ဘေးရှောင်စခန်း များတွင် ရောက်ရှိနေသော ကလေး ငယ်များ၏ ဦးရေသည် လူကြီး ဦးရေထက်များပြားနေပြီး ကလေး များ၏စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစု ပျိုးထောင်ပေးရန်နှင့် အနွေးထည် များ၊ စောင်များနှင့် အာဟာရ အစားအစာများ ကူညီထောက်ပံ့ ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ချော(မိုင်းကိုင်)