မိုင်းကိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ လှူဒါန်း

 

နေပြည်တော်  အောက်တိုဘာ   ၆


ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်   ပန်ကေတုကျေးရွာသို့ လာရောက်တိမ်းရှောင်လျက်ရှိသည့် ကုန်းပေါင်၊ ကုန်းယန်း၊ လွယ်ဆိုင်း နှင့် ဟိုခဲကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ ၂၉၉၃ ဦးတို့ကို အောက်တို ဘာ ၅ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ   နယ်မြေခံ တပ်မတော်သားများက ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်များ၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်များနှင့် အဝတ်အထည်များကို    သွားရောက် ထောက်ပံ့ လှူဒါန်းကြောင်း သတင်းရရှိသည်။                

သတင်းစဉ်