
မိုင်းခုတ် ဩဂုတ် ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းပေါ်သို့ တောင်ပြိုကျ ကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ်မြေသားလမ်းအပိုင်း၊ မိုင်းခုတ်မြို့မှ မိုင်းလုံးကျေးရွာ အုပ်စုသို့ သွားရာလမ်း လေးဖာလုံခန့်အကွာ၊ ကျောက်တောင် နေရာဟောင်းနှင့် ငါးမိုင်အကွာတို့တွင် တောင်ပြိုကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လူနှင့် မည်သည့်ယာဉ်မျှ သွားလာ၍ မရခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ က စက်ယန္တရားနှင့် လူအင်အားတို့ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သဖြင့် မွန်းလွဲပိုင်းတွင် လမ်းပွင့်ကာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရ သည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)