
မိုင်းဆတ် မေ ၄
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များနှင့် အတူ လေ့လာရေးခရီးစဉ်များ ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့မှ လူရည်ချွန် ကျောင်းသား ကျောင်းသူ ခြောက်ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မေ ၃ ရက်က ကျင်းပ သည်။
နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်းရှိ မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်သော လူရည်ချွန် များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ လူရည်ချွန်မောင်မယ်များ ရွေးချယ် ချီးမြှောက်ပေးလျက်ရှိရာ မိုင်းဆတ်မြို့မှ လူရည်ချွန်များဖြစ်ကြသည့် အခြေခံပညာ အထက်တန်း(မိုင်းဆတ်)မှ Grade-9/10/ 11/12 ကျောင်းသား ကျောင်းသူခြောက်ဦး တို့သည် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ လူရည်ချွန်မောင်မယ်များ နှင့်အတူ လေ့လာရေးခရီးစဉ်များ ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ အထက် တန်း(မိုင်းဆတ်) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
ယင်းနောက် ဂုဏ်ပြုပွဲကို အခြေခံ ပညာအထက်တန်းကျောင်း၌ ဆက်လက် ကျင်းပရာ အမှတ်(၁၄) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ် ယာယီနည်းဗျူဟာ မှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်/ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြပြီး တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား ကျောင်းသူများ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ လူရည်ချွန် မောင်/မယ်များက လူရည်ချွန် ခရီးစဉ်အတွေ့ အကြုံများကို ပြန်လည် တင်ပြခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)