မိုင်းဆတ်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြို သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

 

မိုင်းဆတ် နိုဝင်ဘာ ၁၉


ရှမ်းပြည်နယ်အရှေ့ပိုင်း      မိုင်းဆတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘက်စုံသုံးခန်းမ၌      (၁၀၁)      နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ ကျင်းပသည်။

 


နိုဝင်ဘာ ၂၈ ရက်တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း အခြေခံပညာကျောင်းအချို့ ပိတ်ထားချိန်တွင် ကျောင်းသား  ကျောင်းသူ များ   သင်္ချာဉာဏ်ရည်ထက်မြက်မှုရှိစေရန်၊ အချိန်ကို      အကျိုးရှိစွာ  အသုံးချတတ်စေ ရန်၊   ကျောင်းသင်ခန်းစာသင်ကြားချိန်တွင် အထောက်အကူပြုစေရန်နှင့်  စာကြည့်တိုက် နှင့်ရင်းနှီးမှုရရှိစေရန်လည်းကောင်း ရည်ရွယ် ၍      သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို    ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပေးခြင်းဖြစ်ကာ    ပြိုင်ပွဲတွင်   ဆုရရှိသည့်  ကျောင်းသား ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ   ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်မောင်(မိုင်းဆတ်)