မင်းဘူး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မိုးကြိုကြဲပက်ထားသော နှမ်းများ ရင့်မှည့်နေပြီဖြစ်၍ စတင် ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန် သောကြောင့် အပင်များ အောင်မြင် ဖြစ်ထွန်းပြီး အသီးများရင့်မှည့်၍ နုတ်သိမ်း ချိန်တွင် အထွက်နှုန်းကောင်းမွန်သည့် အပြင် ဈေးကောင်းရရှိနေကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ တောင်သူ များသည် နှမ်းများ မစိုက်ပျိုးမီအချိန်က ပင် ထယ်ရေးဖမ်းကာ မြေများနှပ်ထားပြီး မိုးများစတင် ဖြိုင်ဖြိုင်ရွာချိန်တွင် နှမ်း များကို ကြဲပက်ကာ အပင်ပေါက်များ ကောင်းမွန်၍ အပင်ဖြစ်ထွန်းမှု အရှိန် မပျက်ဘဲ အပွင့်ပွင့်ချိန် သီးလုံးများ ဖြစ်ထွန်းချိန်အထိ မိုးရွာသွန်းမှု ကောင်း မွန်သောကြောင့် နှမ်းများ အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
မိုးကြိုနှမ်းများကို မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ရာ နှမ်းများဖြစ်ထွန်းပြီး အပင်များ ကောင်းမွန်လျက်ရှိသောကြောင့် တစ်ဧကလျှင် တင်း ၂၀ ထွက်ရှိကာ ယခု နှစ် မိုးနှမ်းစိုက်ပျိုးသူများ စားသုံးဆီ ဖူလုံ ရုံသာမက နှမ်းဈေးများမှာလည်း နှမ်းနက် တစ်တင်းလျှင် ငွေကျပ် ၈၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀ ဈေးရရှိ ၍ တွက်ခြေကိုက်ကာ နှမ်းစိုက်တောင်သူ များအနေဖြင့် အဆင်ပြေလျက်ရှိကြ သောကြောင့် တိုးချဲ့စိုက်ပျိုးလာကြရာ မင်းဘူး(စကု)တစ်မြို့နယ်လုံး၌ ၅၇၄၀၅ ဧကအထိ စိုက်ပျိုးထားကြကြောင်း မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)



