မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လှူဒါန်းနိုင်

 

နေပြည်တော်   မေ    ၁၇
မြန်မာနိုင်ငံအတွင်း    ၁၄-၅-၂၀၂၃  ရက်နေ့က   ဖြစ်ပွားခဲ့သည့်   အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ခဲ့ရသည့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများလှူဒါန်း လိုသူများအနေဖြင့်   လှူဒါန်းမည့်    မြန်မာကျပ်ငွေနှင့်   နိုင်ငံခြားငွေတို့ကို   အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးထားသည့် ရန်ပုံငွေ ငွေစာရင်းများသို့ လှူဒါန်းနိုင် သည့်အပြင် လှူဒါန်းငွေနှင့် ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် ဖွင့်လှစ်ထား သည့် အလှူခံဌာနများသို့လည်း သဒ္ဓါတတ်အားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း သတင်း ရရှိသည်။                                                                              

သတင်းစဉ်