မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများကို သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းစည်းဝေး

 

နေပြည်တော် အောက်တိုဘာ ၂၉


မိုးစပါးများ ရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသော ဈေးနှုန်းဖြင့်  စက်သုံးဆီရောင်းချ ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို    ယနေ့မွန်းလွဲ  ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌     Virtual စနစ်ဖြင့် ကျင်းပရာ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာ စကားပြောကြားသည်။

 


အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့  အတွင်းရှိ တိုင်းဒေသကြီးအလိုက်  မိုးစပါး စိုက်ပျိုးမှု၊ ရိတ်သိမ်းနေမှု၊ စက်မှု လယ်ယာနှင့် ပုဂ္ဂလိက ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေး နိုင်မှု၊   ပြည်တွင်း၌  စက်သုံးဆီ ထုတ်လုပ်မှုနှင့် လက်ကျန်၊ တိုင်း ဒေသကြီးအလိုက်  စက်သုံးဆီ လိုအပ်ချက်အခြေအနေ၊ မိုးစပါး များ ရိတ်သိမ်းချိန်အမီ တောင်သူ လယ်သမားများကို စက်သုံးဆီများ အမြန်ဆုံး  ဖြန့်ဖြူးရောင်းချပေး နိုင်ရေးတို့အတွက်               ဝိုင်းဝန်း ဆွေးနွေးရန် ပြောကြားသည်။

 


အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်               ဆည်မြောင်း ဝန်ကြီးဌာနနှင့်               လျှပ်စစ်နှင့်  စွမ်းအင်ဝန်ကြီးဌာနတို့မှ အမြဲ တမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်နှင့်     သက်ဆိုင်ရာ ဌာနများမှ      တာဝန်ရှိသူများ၊  တိုင်းဒေသကြီး    အစိုးရအဖွဲ့များမှ အတွင်းရေးမှူးများ၊    UMFCCI  ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့်      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ      ဖြန့်ဖြူးရေး အသင်းတို့မှ   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စက်သုံးဆီ များကို         ရိတ်သိမ်းချိန်အမီ သက်သာသော          ဈေးနှုန်းဖြင့်  အမြန်ဆုံး ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက်   ဆောင်ရွက်သွားမည့် အစီအမံများအပေါ်  ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်