နေပြည်တော် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ရှိ ဆည်တော်ကြီးရေလှောင် တမံမှ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များရှိ မိုးစပါး လျာထားဧက ၇၄၃၉၄ ဧကကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုး နိုင်ရန်အတွက် ရေပေးဝေမည့် အစီအစဉ်၊ ရေလှည့်ဇယားများဖြင့် ဇွန် ၁၈ ရက် (ယနေ့)မှစတင်ပြီး ရေပေးဝေသွားမည်ဖြစ်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(မန္တလေးမြို့)မှ သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ဆည် တော်ကြီးရေလှောင်တမံမှ နွေသီးနှံ၊ မိုးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရေ ပေးဝေလျက်ရှိရာ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် နွေစပါး ၆၈ဝ၅၈ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧကအား အောင်ရေပေးဝေ ပြီးဖြစ်သည်။
အောင်နိုင်ဝင်း



