
မိတ္ထီလာ အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ပေါ်ရပ်ကွက် ခြောက်ခုသို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၈ သန်းကျော် ဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် ခရိုင် မီးသတ်ဦးစီးဌာနအနီး၌ ရေဂါလန် ၆၀၀၀၀ ဆံ့ ရေစင်ကြီးနှစ်ခုရှိသည့်အနက် ဆွေးမြည့်ပျက်စီး နေသည့် ရေစင်ကြီးတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၅၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူပြီး အမြင့် ၄၃ ပေရှိ ရေဂါလန် ၃၅၀၀၀ ဆံ့ သံကူကွန်ကရစ်ရေစင်အဖြစ် မေလဆန်း က စတင်တည်ဆောက်ခဲ့ရာ ယခု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါ ရေစင်မှ မိတ္ထီလာမြို့ပေါ်ရှိ စျေးအရှေ့ ပြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင် ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာ ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ သောက် သုံးရေများကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)