မိတ္ထီလာမြို့နယ်၌ အာမခံအလုပ်သမား ၇၅ဦးတို့အတွက် အကျိုးခံစားခွင့်များ ထုတ်ပေး

 

မိတ္ထီလာ   ဧပြီ   ၂၈


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လူမှုဖူလုံ ရေးအဖွဲ့က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ   ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအတွက် အကျိူးခံစားခွင့်နှင့်   အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်း  လုပ်အားဆုံးရှုံးမှု   ၇၅   ရာခိုင်နှုန်း အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစား ခွင့်  ထုတ်ပေးခြင်းကို  ယနေ့နံနက်ပိုင်းက လူမှု ဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်    မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ  တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး  ဦးသန်းနိုင်ဦး က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာ များ     ရှင်းလင်းပြောကြားသည်။     ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက  မြို့နယ် လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Max Energy စက်သုံးဆီ(၁)မှ ဦးရဲမင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့်   အမြဲတမ်းလုပ်အားဆုံးရှုံးမှု  ၇၅ ရာခိုင်နှုန်း   အမြဲတမ်းမသန်စွမ်းမှု  ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၃၂၃၀၀၀၀ ပေးအပ်သည်။ ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးကြည်နှင့် တာဝန်ရှိသူများက  တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ ၊ AMDA Microfinance ၊   ဓာတ်အားပို့လွှတ်ရေးစီမံကိန်း အမှတ်(၈)အထည်ချုပ် (ပျော်ဘွယ်)နှင့်   Petro Sevenတို့မှ အာမခံသူ အလုပ် သမား ၇၄ဦး၏ ဆေးဖိုးကုန်ကျငွေကျပ်  ၂၆၁၈၃၆၆၂ တို့ကို ပေးအပ်ခဲ့ရာ Max Energy စက်သုံးဆီမှ တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

 


အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ    တိုင်းဒေသကြီးတာဝန်ခံအရာရှိ နှင့်    တာဝန်ရှိသူများ၊    မြို့နယ်အတွင်းရှိ    စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။                            

သိန်းမြင့်ကျော်(မိတ္ထီလာ)