မိတ္ထီလာမြို့ကို တစ်ရက် ရေဂါလန် ၆၉၀၀၀၀ ပေးဝေနိုင်ရေးဆောင်ရွက်

 

မိတ္ထီလာ  နိုဝင်ဘာ  ၂၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ    အမြဲတမ်း အတွင်းဝန်    ဦးခန့်ဇော်သည် ယမန်နေ့က မိတ္ထီလာမြို့ ဝန်ဇင်း ရပ်ကွက်   မိတ္ထီလာမြောက်ကန် တွင်  တည်ဆောက်လျက်ရှိသည့် တစ်ရက်   ရေဂါလန်   ၆၉၀၀၀၀ ပေးဝေနိုင်မည့်      မိတ္ထီလာမြို့ ရေပေးရေးလုပ်ငန်းသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ အမြဲတမ်းအတွင်း ဝန် ဦးခန့်ဇော်က မြို့ရေပေးရေးစီမံကိန်းရှင်းလင်းဆောင်၌  စီမံ ကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ  မြို့ရေပေးရေးလုပ်ငန်းစီမံ ကိန်းကို သတ်မှတ်ကာလအတွင်း   ပြီးစီးနိုင်ရေးအတွက် ကျန်ရှိသော မီတာတပ်ဆင်ခြင်း  လုပ်ငန်းများ အမြန်   ဆောင်ရွက်သွားရန်နှင့်    ရေပေးချိန်တွင်   သန့်စင်သည့်  ရေများ  ပေးဝေနိုင်ရေးစက်များ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်း များ  ဆောင်ရွက်သွားရန်တို့ကို ပြောကြားပြီး  ကျေးလက်ဒေသ ဖွံ့ဖြိုး  တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်   ဦးသိန်း လွင်နှင့် တာဝန်ရှိသူများ၊  ကုမ္ပဏီ မှ    တာဝန်ခံတို့က   လုပ်ငန်း ဆောင်ရွက်နေမှု     အခြေအနေ များကို   ရှင်းလင်းတင်ပြကြရာ  အမြဲတမ်းအတွင်းဝန်က လိုအပ် သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။  

 


အဆိုပါ မိတ္ထီလာမြို့ ရေပေး ရေးစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး      အဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာ နှစ်က  Modern World Constr-uction Co;Ltd and Sanli Envir-onmental Myanmar Co;Ltd တို့က တာဝန်ယူပြီး ၂၀၁၉ ခုနှစ် မေ   ၁၆   ရက်က    စတင် တည်ဆောက်လျက်ရှိရာ   ယခု ဆိုလျှင် ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး ယင်းလုပ်ငန်းကို ဒီဇင်ဘာ လကုန်တွင် အပြီးတည်ဆောက် မည်ဖြစ်သည်။    ယင်းမြို့ ရေပေး ရေးစီမံကိန်းပြီးစီးပါက  တစ်ရက် လျှင်   ရေဂါလန်   ၆၉၀၀၀၀  ကို ပေးဝေနိုင်မည်ဖြစ်၍    လူဦးရေ ၃၄၅၀၀  ကို  အကျိုးပြုသွားမည် ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)