မိတ္ထီလာခရိုင်၌ ဆောင်းသီးနှံဖြစ်သည့်   ဆောင်းကုလားပဲ စိုက်ဧက လေးသောင်းကျော် စိုက်ပျိုးသွားမည်


 

 

မိတ္ထီလာ  နိုဝင်ဘာ  ၂၂
မိတ္ထီလာခရိုင်တွင်   ၂၀၂၁- ၂၀၂၂    ဘဏ္ဍာနှစ်တွင်   ဆောင်းသီးနှံဖြစ်သည့်   ဆောင်း ကုလားပဲစိုက်ဧက လေးသောင်းကျော်  စိုက်ပျိုးမည်ဖြစ်ကြောင်း    ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏  ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊    ဝမ်းတွင်း မြို့နယ်များမှ  ကျေးလက်နေတောင်သူများ  ဆောင်းသီးနှံကုလားပဲကို မိုးသီးနှံ များ   သိမ်းဆည်းပြီးချိန် စီးပွားဖြစ်   စိုက်ပျိုးလာလျက်ရှိသည်။    ထိုသို့   ဆောင်းသီးနှံဖြစ် သည့် ဆောင်းကုလားပဲကို    အောက်တိုဘာလပထမပတ်မှစတင်၍  စိုက်ပျိုးလျက်ရှိရာ ၂၀၂၁- ၂၀၂၂   ဘဏ္ဍာနှစ်တွင်   မိတ္ထီလာခရိုင်အတွင်းရှိ     မိတ္ထီလာမြို့နယ်တွင်     ဆောင်း ကုလားပဲစိုက်ဧက ၃၀၈၉ ဧက၊ မလှိုင်မြို့နယ်တွင်  ၂၁၂၁ ဧက၊  သာစည်မြို့နယ်တွင် ဧက ၁၆၇၀၀ နှင့်   ဝမ်းတွင်းမြို့နယ်တွင်  ၂၂၂၉၁    ဧကတို့ကို    စိုက်ပျိုးရန်   လျာထား ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
မိတ္ထီလာခရိုင်တွင်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်    ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလား ပဲကို   မိတ္ထီလာမြို့နယ်တွင်    ဧက ၂၂၃၀ ၊   မလှိုင်မြို့နယ်တွင် ၁၀၆၁ ဧက၊ သာစည်မြို့နယ် တွင် ၁၉၆၅၇ ဧကနှင့်   ဝမ်းတွင်းမြို့နယ်တွင်  ၂၃၀၂၆ ဧကတို့ကို  စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။                              သိန်းမြင့်ကျော်(မိတ္ထီလာ)