မြိတ်၊ တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ   ၅ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီခွဲတွင် မြိတ်မြို့   မြိတ်တောင်ရပ်ကွက်    ပိတောက် လမ်းနေ အောင်စန်း ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ    စိတ်ကြွရူးသွပ်ဆေးပြား    ၆၀၀   သိမ်းဆည်းရမိခဲ့ပြီး   ကွင်းဆက်အရ   ညနေ ၅ နာရီတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြဝတ်ရည်(၂)လမ်းနေ စိုးသူရ(ခ) ရထား(ခ) ကွမ်းပုံး၏နေအိမ်သို့      ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း။

 


ထို့အတူ   အောက်တိုဘာ   ၄  ရက်   ညနေ ၆ နာရီတွင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်နေ အောင်မြင့်မြတ် (ခ)ခေါလေး ၏နေအိမ်သို့   ဝင်ရောက်ရှာဖွေရာ    စိတ်ကြွ ရူးသွပ်ဆေးပြား   ၁၀၀၀    သိမ်းဆည်းရမိခဲ့ ကြောင်း၊ ဆက်လက်၍ ကွင်းဆက်အရ ညနေ ၆ နာရီခွဲတွင် အဿက(၂၂)လမ်းတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများရောင်းချပေးသူ နေလင်း ထွန်း (ခ)ဘိုတောက်အား   စိတ်ကြွရူးသွပ် ဆေးပြား  ၂၀၀၀  နှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကိုလည်းကောင်း။

 


အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်း တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဝင်းရဲထက်ကျော်(ခ)ကိုရဲ အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ      အရေးယူထားကြောင်း     သိရ သည်။ 

သတင်းစဉ်