
နေပြည်တော် မတ် ၁၁
World Engineering Day 2023 အထိမ်းအမှတ်အဖြစ် AAET Distinguished Lecture for the Commemo-ration of World Engineering Day 2023 အခမ်းအနားကို AAET အဖွဲ့ကြီး၏ ခွင့်ပြုချက်ဖြင့် AAET Country Operation Unit Of Myanmarမှ ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ရုံး၌ Online Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ နာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် (WFEO) က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ မတ်လ ၄ ရက်နေ့ကို ကမ္ဘာ့အင်ဂျင် နီယာနေ့အဖြစ် သတ်မှတ်ကြေညာပေးရန် အဆိုပြု ခဲ့ကြောင်း၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာပညာ ရပ်၏ပုံရိပ်ကို မြှင့်တင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် UNESCO က WFEO မှ အဆိုပြုခဲ့သည့်အတိုင်း မတ်လ ၄ ရက်နေ့ကို ကမ္ဘာ့အင်ဂျင်နီယာနေ့အဖြစ် ကြေညာပေးခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာ နေ့၏ ဆောင်ပုဒ်မှာ “အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာ ကို တည်ဆောက်စို့”ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ AAET အနေဖြင့်လည်း ကမ္ဘာ့အင်ဂျင်နီယာနေ့ကို အထူးအလေးထားကာ ပိုမိုတောင့်တင်းခိုင်မာသည့် အာဆီယံနှင့် ကမ္ဘာ ဖြစ်လာစေရန်အတွက် အင်ဂျင်နီယာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက် ဖြင့် ယခုကဲ့သို့ ဟောပြောပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ကမ္ဘာ့အမြင့်ဆုံး ကျောက်ဆစ်ဗုဒ္ဓတော် တည်ဆောက်မှုကို မြန်မာ အင်ဂျင်နီယာများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုအဖြစ် ယခုအခမ်းအနားတွင် ထည့်သွင်း တင်ပြလိုကြောင်း၊ တည်ထားပြီးစီးပါက ဗုဒ္ဓရုပ်ပွား တော်သည် ပလ္လင်တော်အပါအဝင် အမြင့် ၈၁ ပေ ရှိပြီး အလေးချိန် ၅၂၉၂ တန်ရှိမည်ဖြစ်ကြောင်း။
ထုထည်နှင့် အလေးချိန် ကြီးမားလှသည့်အတွက် ကျောက်တုံးများကို ဆင်းတုတော်အတွက် အပိုင်း(၄)ပိုင်းနှင့် ပလ္လင်တော်အတွက် အပိုင်း(၅)ပိုင်း၊ စုစုပေါင်း အပိုင်း(၉)ပိုင်း ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ စကျင်ကျောက်အပိုင်းကြီးများအား သယ်ယူပင့်ဆောင် ခြင်းကို ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက် ခဲ့ပြီး စကျင်ကျောက်အပိုင်းကြီးများ နေပြည်တော်သို့ သယ်ယူပင့်ဆောင်ခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ ကြရကြောင်း။
ကိုယ်တိုင် တီထွင်ဒီဇိုင်းရေးဆွဲထား
ရုပ်ပွားတော်မြတ်ကြီးအား ရာသီဥတုဒဏ်နှင့် အခြားသဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိစေရေး အတွက် ဒီဇိုင်းရေးဆွဲထားကြောင်း၊ ရုပ်ပွားတော်ကြီး ၏ ပင်မကိုယ်ထည်ကို အပိုင်း(၄)ပိုင်းဖြင့် ထုဆစ် ပူဇော်သွားမည်ဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းစီကို မြန်မာအင်ဂျင်နီယာများကိုယ်တိုင် တီထွင်ဒီဇိုင်း ရေးဆွဲထားသည့် CNC Machine များ၊ ခေတ်မီ စက်ကိရိယာများဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက် ခဲ့ကြကြောင်း။
ဆင်းတုတော်ပင့်ဆောင်ရာတွင် ထုဆစ်ပြီး ကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိ ပန်းတောင်း တည်ဆောက်ခြင်းတို့မှာ အချိန်အားဖြင့် ခုနစ်လကြာပြီး သံထည်ပစ္စည်းတန်ချိန် ၃၈၀၀ အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းကာ တပ်မတော်သားအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့်ပစ္စည်းကို မတင် ရွှေ့ပြောင်းဖူးသည့် နည်းပညာအတွေ့အကြုံနှင့် စက်ယန္တရားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရာတွင် သက်ဆိုင်ရာလုပ်ငန်း အင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန် ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် သည့်လုပ်ငန်းအား တင်ပြရခြင်းမှာ မိမိတို့ဝန်းကျင်ရှိ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ကို မီးမောင်းထိုးပြလိုခြင်းနှင့် အင်ဂျင်နီယာများကို ဆန်းသစ်တီထွင်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေး တိုက်တွန်းအားပေးလိုခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှုဟူသည် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုအသစ်များကို ပြုလုပ်နိုင်သည့် အတွေး အခေါ်များ (သို့မဟုတ်) ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများကို ပေးဆောင်ရာတွင် တိုးတက်မှု ဖြစ်စေသည့် အတွေးအခေါ်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်းပင်ဖြစ်ကြောင်း။
ယနေ့ခေတ်၌ ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ၏ နောက်ဆက်တွဲပြဿနာများ၊ ရာသီဥတု ပြောင်းလဲမှု၊ အထွေထွေသော အကျပ်အတည်းများ ဖြင့် သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေး ပြဿနာ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် နိုင်ငံသား အထောက်အထားပြဿနာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြ ရကြောင်း၊ ကံကောင်းသည်မှာ ဆန်းသစ်တီထွင် ဉာဏ်ရှိသော အင်ဂျင်နီယာများ ရှိနေခြင်းပင်ဖြစ် ကြောင်း၊ ပြဿနာများကို ဖြေရှင်းနိုင်မည့် R&D အင်ဂျင်နီယာများ၊ ကုန်ထုတ်အင်ဂျင်နီယာများ၊ လုပ်ငန်းစဉ် အင်ဂျင်နီယာများ၊ တိုင်ပင်ခံ အင်ဂျင် နီယာများ၊ လုပ်ငန်းခွင်အင်ဂျင်နီယာများ၊ အရောင်း အင်ဂျင်နီယာများနှင့် အခြားများစွာသောအင်ဂျင် နီယာများသည် အခန်းကဏ္ဍစုံမှာ ရှိနေကြကြောင်း၊ အမှန်တော့ အင်ဂျင်နီယာပညာရပ်ဟူသည် ပြဿနာ ဖြေရှင်းခြင်းမျှသာ မဟုတ်ဘဲ မိမိတို့ဘဝကို ပိုမို ကောင်းမွန်စေမည့် ဖြေရှင်းနည်းများကို ရှာဖွေခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့ အင်ဂျင်နီယာများသည် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုဖြင့် ပိုမိုကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာကို တည်ဆောက်ရုံသာမက ပိုမိုကောင်းမွန် သော ကမ္ဘာကြီးကို ဖန်တီးနိုင်မည်ကို ယုံကြည် ကြောင်း။
တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်
၂၀၂၃ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့ကို ဂုဏ်ပြု သောအားဖြင့် အင်ဂျင်နီယာများ စွမ်းဆောင်ခဲ့ကြ သော ခမ်းနားသည့် တီထွင်မှုများနှင့် တီထွင်ဆန်းသစ် မှုများအတွက် ဂုဏ်ပြုလိုပါကြောင်းနှင့် ဆက်လက် ၍လည်း တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်ကြ ရန် တိုက်တွန်းအားပေးလိုပါကြောင်း ပြောကြား သည်။
ထို့နောက် AAET President, Prof. Dr. Ewe Hong Tat က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ AAET Vice President, မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ အောင်ကျော်မြတ် က Seismic Hazard and Vulner-ability Assessment For Bagan/ Nyaung U Area ခေါင်းစဉ်ဖြင့် Seismicity Around Bagan/Naung-U Area, Significant Ground Shakings on Historical Monuments, Development of Seismic Hazard and Vulnerability Assessment တို့ကို Distin-guished Lecture အဖြစ် ဟောပြောသည်။
မေးမြန်းဖြေကြား
အခမ်းအနားသို့ AAET အဖွဲ့ ကြီးမှ နိုင်ငံတကာ Professors များ၊ ပညာရှင်များ၊ ပြည်တွင်းရှိ အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ Distinguished Lecture အား ဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် ပညာရှင်များက သိလိုသည် များကို မေးမြန်းရာ ပါမောက္ခဒေါက်တာ အောင်ကျော် မြတ်က ပြန်လည်ဖြေကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက ဒေါက်တာစိန်မြင့် ကိုယ်စား ပါမောက္ခ ဒေါက်တာ အောင်ကျော် မြတ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်