မိမိထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝေစုပိုမိုရရှိရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ   ၂၁


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ ၂၀  ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အမှတ်(၃)အထည်စက်ရုံခွဲ (စစ်ကိုင်း)သို့ရောက်ရှိပြီး စက်ရုံအတွင်း စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
 

 

ဆက်လက်၍    အမှတ်(၃)အထည်စက်ရုံ        (စစ်ကိုင်း)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး က    စက်ရုံထုတ်ကုန်ပစ္စည်းများ သည် အရည်အသွေးကောင်းမွန်ပြီး     ဈေးနှုန်းသက်သာလျှင် ဈေးကွက် အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်က     “ချည်မျှင်နှင့် အထည် စက်ရုံများသည်  နိုင်ငံ အတွက်   လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ် ချက်များအား ပြည့်မီစွာထုတ်လုပ် ၍ ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့်   အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျစဉ်းစား သုံးသပ်ဆောင်ရွက်ကြရန်”လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် မိမိထုတ်ကုန်ပစ္စည်းများ ဈေးကွက် ဝေစုပိုမိုရရှိရေးအတွက် ဈေးကွက် သုတေသနပြုလုပ်ပြီး  ဈေးကွက် လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင် ရေး   စီမံဆောင်ရွက်ရမည်ဖြစ် ကြောင်း၊   ထုတ်ကုန်ပစ္စည်းများ နှင့်ပတ်သက်၍   သုံးစွဲသူများ၏ အကြံပြုချက်များကို အလေးထား ၍   ပြုပြင်ထုတ်လုပ်သွားရမည် ဖြစ်ကြောင်း၊ အဝတ်အထည်များ အား အရည်အသွေးကောင်းမွန်ပြီး  ဆန်းသစ်သည့်    ဒီဇိုင်းများဖြင့် ထုတ်လုပ်ရန်လိုအပ်သလို  သုံးစွဲ သူများအား   ဆွဲဆောင်မှုရှိမည့် ထုပ်ပိုးမှုပုံစံဖြစ်အောင် စီမံရမည် ဖြစ်ကြောင်း၊  အထည်စက်ရုံများ လည်ပတ်  ဆောင်ရွက်နိုင်လျှင် ဝါစိုက်ပျိုးသည်မှ    အထည်ချော ထွက်ရှိသည်အထိ Supply Chain တစ်ခုလုံးတွင် ဝင်ရောက်လုပ်ကိုင် နေသူတို့၏  လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်၍ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မှာကြားကာဝါဖန်ဌာန၊ ဗိုင်းတောင့် ဌာန၊ အပင်ပေါင်းဌာန၊   ချည်ငင် ဌာန၊ ရက်ကန်းဌာနနှင့်   အရည် အသွေးထိန်းသိမ်းရေးဌာန တို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


ချည်နှင့်ပိတ်များ တိုးမြှင့်ထုတ်လုပ်


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်  တိုင်းဒေသကြီး ဝန်ကြီးများအား တွေ့ဆုံ၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ    စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာန၊    သင်တန်းကျောင်းနှင့် စက်ရုံများ၏   လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့်      ကုန်ကြမ်းလိုအပ်မှု၊ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးအတွက်  စီမံဆောင် ရွက်လျက်ရှိသည့် အခြေအနေနှင့် အဝတ်အထည်     ကဏ္ဍအတွက် လိုအပ်သော   ချည်နှင့်ပိတ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး    စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှု ဝန်ကြီးဌာနမှ   ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများအား အခြား ဝန်ကြီးဌာနများသို့ ရောင်းချမည် ဖြစ်၍    ကူညီဆောင်ရွက်ပေးစေ လိုကြောင်း၊ ထို့အပြင် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ အမှတ် (၃)အထည်စက်ရုံ  (စစ်ကိုင်း)နှင့် အမှတ်(၆)        အထည်စက်ရုံ (ဆားလင်းကြီး)တို့အတွက် လိုအပ် လျက်ရှိသည့်   ကုန်ကြမ်းပစ္စည်း များ ပြတ်လပ်မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ  ဝါစိုက် တောင်သူများနှင့်   ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 


ကူညီပေးသွားမည်


ယင်းနောက်   စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်က  စက်မှု ဝန်ကြီးဌာနရှိ အထည်စက်ရုံများ အတွက် ဝါကုန်ကြမ်းများ အပြည့် အဝရရှိရေးအတွက်   ကူညီပေး သွားမည်ဖြစ်ကြောင်း၊ သဖန်းဆိပ် ဆည်မှ  ရေရရှိမှုအခြေအနေပေါ် မှုတည်၍ ယခုနှစ်  နွေရာသီတွင် ချည်မျှင်ရှည်ဝါများ    စိုက်ပျိုးနိုင် ရေး    စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊       ဝါအထွက်နှုန်းအား သတ်မှတ်ချက်ထက်    ကျော်လွန် ထွက်ရှိနိုင်ရေး ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များတွင်         လက်တွဲပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် စက်ရုံအလုပ်ရုံများအတွက် လိုအပ် သော လုပ်သားများရရှိရေးအတွက် ပူးပေါင်း   ဆောင်ရွက်မည်ဖြစ် ကြောင်း   ဆွေးနွေးပြောကြား သည်။                        

သတင်းစဉ်