မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

 

အသက် (၁၆)  နှစ်နှင့်အထက်  အကျုံးဝင်သူများအား   ဥပဒေအရ ကိုင်ဆောင်သင့်သည့်   ကတ်တစ်မျိုးမျိုး   ထုတ်ပေးရေးအတွက်     “ပန်းခင်း”   စီမံချက် ဖြင့်   ရုံးတွင်   ဆောင်ရွက်ပေးခြင်း၊  ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို  (၃-၅-၂၀၂၁) မှ  (၃-၁၁-၂၀၂၂)  နေ့အထိ   နိုင်ငံ တစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက်   ဆောင်ရွက်ပေး လျက်ရှိသည်။ 

 


ယခုအခါ  လိုအပ်ချက်အရ   ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင်   လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ်  (မှတ်ပုံတင်)   ပြသဆောင်ရွက် ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို  (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသ စစ်ဆေး ခံရမည်ဖြစ်ပါသည်။

 


နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့်   နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာ များကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေး ခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။

 


နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင် ခြင်းနှင့် ကတ်အပို ထားရှိကိုင်‌ဆောင်ခြင်းများသည်   တည်ဆဲဥပဒေများအရ   ပြစ်မှုမြောက်ပါကြောင်း အသိပေးအပ်ပါသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန