မဟာအောင်မြေမြို့နယ်၌ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စိစစ်ခြင်းဆောင်ရွက်

 

မန္တလေး  အောက်တိုဘာ  ၁


မန္တလေးတိုင်းဒေသကြီး  မဟာအောင်မြေမြို့နယ်၌ မဟာမြိုင်  (၁)   ရပ်ကွက်နှင့်   ရတနာဘုမ္မိအရှေ့ ရပ်ကွက် တွင်  ယမန်နေ့  နံနက်ပိုင်းက ရပ်ကွက် အလိုက်  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ခြင်း များကို ကွင်းဆင်းဆောင်ရွက်သည်။

 


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး  ဆွေလွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရာအိမ် မှူး၊ ဆယ်အိမ်မှုးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စိစစ် ကြည့်ရှုပြီး လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)