
နေပြည်တော် အောက်တိုဘာ ၂၇
မဟာအောင်မြေမြို့နယ်၊ တောင် ကြီးမြို့နှင့် မိုင်းပန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် မဟာအောင်မြေ မြို့နယ် မဟာမြိုင်(၂) ရပ်ကွက် ၆၀ x ၆၁ လမ်းကြား၊ ၄၂ လမ်း ပေါ်တွင် ယော်ကျိန်ဖန်း မောင်းနှင် လာသည့် Land Cruiser အမျိုး အစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ ချမ်းသာရပ်ကွက်ရှိ ညွန့်မောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၃၀ ကိုလည်းကောင်း။
ထို့အတူ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မိုင်းပန် မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု တာဆန်းကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ရန်ဖူချီ မောင်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ရောစပ် ထားသောအမှုန့်(Happy Water) ၂ ဒသမ ၀၇၁ ကီလို၊ ၁၂ ဗို့ ပြောင်းချောကျည် အတောင့် ၉၀၀ နှင့် THAIARMS 9mm တံဆိပ်ပါ ကျည်အတောင့် ၁၉၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်