MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲတွင် VUC အသင်း ၁၀ ပွဲဆက်တိုက် အနိုင်ရ

 

ရန်ကုန်   ဇန်နဝါရီ    ၁၇


MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ဒုတိယ အကျော့ ပထမဆုံးရက်သတ္တပတ် ဖြစ်သည့် ပွဲစဉ် (၁၀) ကို ဇန်နဝါရီ ၁၇ ရက်က MFF ဖူဆယ်အားကစားရုံ ၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ  VUC  အသင်း ၁၀ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။  


ပွဲစဉ် (၁၀) တွင် MIU အသင်း က Dream   Team    အသင်းကို သုံးဂိုး - ဂိုးမရှိ၊    VUC  အသင်းက  M2K အသင်းကို လေးဂိုး - ဂိုးမရှိ၊ ဖူဆယ်ချစ်သူအသင်းက Futsal-19 အသင်းကို  ငါးဂိုး - လေးဂိုး၊   Winner Soccer  အသင်းက   လင်းလက်အသင်းကို  ငါးဂိုး - နှစ်ဂိုး၊  လက်ဝဲသုန္ဒရအသင်းက    Generations အသင်းကို ခုနစ်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့သည်။  ဒုတိယ အကျော့ အဖွင့်ရက်သတ္တပတ်တွင် ဇယားထိပ်ဆုံးမှ လက်ရှိချန်ပီယံ VUC အသင်း အမှားအယွင်းမရှိ ၁၀ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး ပထမအကျော့အပြီး ဒုတိယ နေရာ ရပ်တည်နေသည့် Generations အသင်းသည် ရှုံးပွဲဆက်ခဲ့သဖြင့် ဒုတိယနေရာကို MIU အသင်းအား လွှဲပြောင်းပေးခဲ့ရသည်။


ပွဲစဉ် (၁၀) အပြီးတွင် VUC အသင်းက ရမှတ် ၃၀ ဖြင့် ဦးဆောင်နေပြီး MIU အသင်းက ရမှတ် ၂၂ မှတ်၊ Generations အသင်းနှင့်  Winner   Soccer အသင်းတို့က ရမှတ် ၂၀ စီ၊ Futsal-19 အသင်းက ရမှတ် ၁၃ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ရမှတ် ၁၂ မှတ်၊ M2K အသင်းက ရှစ်မှတ်၊ လင်းလက်အသင်းနှင့် လက်ဝဲသုန္ဒရအသင်းတို့က   ရမှတ်     ခုနစ်မှတ်စီ၊ Dream Team အသင်းက ခြောက်မှတ်   ရရှိထား သည်။


ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF