MFF Futsal Championship 2023 ပြိုင်ပွဲ ကွာတားဖိုင်နယ်တက်ရောက်သည့်အသင်းများ စုံလင်စွာထွက်ပေါ်

 

ရန်ကုန်   နိုဝင်ဘာ  ၂၃


MFF  Futsal  Championship 2023  ပြိုင်ပွဲ   ရှုံးထွက်အဆင့် ဒုတိယနေ့ကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့   သုဝဏ္ဏဘောလုံးကွင်းရှိ MFF  ဖူဆယ်အားကစားရုံ၌  ဆက်လက်ကျင်းပရာ ကွာတားဖိုင်နယ် တက်ရောက် သည့်အသင်းများ စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။                


ရှုံးထွက်အဆင့် ဒုတိယနေ့တွင် TG United အသင်းက M2K အသင်းကို လေးဂိုး - တစ်ဂိုး၊  MIU  အသင်းက  မလိကြယ်စင်အသင်းကို လေးဂိုး-သုံးဂိုး၊ Generations အသင်းက SGF  အသင်းကို ခုနစ်ဂိုး - တစ်ဂိုး၊ လင်းလက်အသင်းက UPK  အသင်းကို ခြောက်ဂိုး -နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။    


ဒုတိယနေ့တွင် ယှဉ်ပြိုင်သည့် လေးပွဲစလုံး သာမန်ပွဲကစားချိန် အတွင်း  အနိုင် အရှုံး ထွက်ပေါ်ခဲ့သည်။ ရှုံးထွက်ပွဲစဉ်များကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့က ကျင်းပပြီးစီးခဲ့ပြီး ကွာတားဖိုင်နယ်သို့ VUC  အသင်း၊ Dream Team Legends အသင်း၊ ပြည့်စုံအသင်း၊  M-Million အသင်း၊ MIU အသင်း၊ TG United အသင်း၊ Generations အသင်းနှင့်       လင်းလက်အသင်းတို့ တက်ရောက်သည်။


ကွာတားဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ VUC အသင်းနှင့် Dream Team Legends အသင်း၊ ပြည့်စုံအသင်းနှင့် M-Million အသင်း၊ TG United အသင်းနှင့် MIU  အသင်း၊  Generations  အသင်းနှင့် လင်းလက်အသင်းတို့  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF