
မိုးရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့်သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(၁) ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသသတိပေးချက်များကို ဂရုပြု နားထောင်၊ ဖတ်ရှု၊ စောင့်ကြည့်ရန်၊
(၂) တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော်အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေများလုံလောက်စွာ ကြိုတင်စုဆောင်းထားရန်၊
(၃) ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များ ကို ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်စီမံ ထားရန်၊
(၄) ရေဘေးအန္တရာယ်ကျရောက်သည်မှလွဲ၍ အခြားသဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရန်တိရစ္ဆာန်များကို အကာ အကွယ်ရှိသောခြံများအတွင်း စနစ်တကျမွေးမြူထားရှိရန်၊
(၅) ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန်ပြောင်းရွှေ့ နေရာ ချထားရန်အတွက် ကြိုတင်စီမံထားရန်၊
(၆) သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေး ကင်းလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံ ထားရန်၊
(၇) ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက် ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး များ ကြိုတင်ထိုးနှံထားရန်၊
(၈) တိရစ္ဆာန်များကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက် ဒဏ်ရာများရရှိပါက ဆေးကုသမှုအမြန်ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်၊
(၉) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန