မောင်တောမြို့၊ ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့မှ မုန်တိုင်းသင့်ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးအပ်မည့် စားသောက်ကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများအား ကူညီပို့ဆောင်

 

နေပြည်တော်   မေ    ၁၇


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့် အလွန်အားကောင်းသော   ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံ ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့်စေတနာရှင်အလှူရှင်များက လှူဒါန်း သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်း များကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက် ရှိသည်။

 


ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ရခိုင် ပြည်နယ် မောင်တော မြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ မုန်တိုင်းသင့်ပြည်သူ များကို ထောက်ပံ့လှူဒါန်းမည့်   ဆန်အိတ်များ၊ ဆီပုံးများ၊ ဆားနှင့်   စားသောက်ကုန်ပစ္စည်းများ၊ ရေသန့်စက်၊ သောက်ရေသန့်ဘူးများနှင့် ဆက်သွယ် ရေးဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်လာစေရန် ပြုပြင်တပ်ဆင်ဆောင်ရွက်မည့်   ဆက်သွယ်ရေး စက်ကိရိယာပစ္စည်းများကို စစ်တွေသင်္ဘောဆိပ်သို့ တပ်မတော်မော်တော်ယာဉ်များဖြင့်    သယ်ယူ၍ အဆိုပါမြို့နယ်များသို့     ဆက်လက်ပို့ဆောင်ရန် စက်လှေများပေါ်သို့  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက  သယ်ယူပို့ဆောင် ပေးကြသည်။

 


ထိုသို့ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး   ဖုန်းမြတ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး (ဝဲပုံ) လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


ထို့အပြင် မုန်တိုင်းသင့်  ပြည်သူများ   သန့်ရှင်း သောသောက်သုံးရေများအသုံးပြု သောက်သုံးနိုင်ရေး အတွက် စစ်တွေမြို့ မေယုလမ်းမကြီးတွင် တပ်မတော် ရေသန့်စက်မော်တော်ယာဉ်များဖြင့် သောက်ရေသန့် များ ထုတ်လုပ်ပေးဝေလှူဒါန်းလျက်ရှိရာ  ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူးတို့က  သွားရောက်  ကြည့်ရှုပြီး      ဒေသခံပြည်သူများကို     ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား  ပြောကြား ကာ   သောက်သုံးရေလုံလောက်စွာ     ဖြန့်ဝေပေး နိုင်ရေးအတွက်       လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်