မောင်တောခရိုင်၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းနည်းပညာပေးသင်တန်းဖွင့်လှစ်

 

မောင်တော    နိုဝင်ဘာ   ၄


ရခိုင်ပြည်နယ်  ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်း များ  ရေရှည်စဉ်ဆက်မပြတ်  ဖွံ့ဖြိုးစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့်   ရေချိုငါးများ   ဆေးထိုး သားဖောက်နည်းပညာများ လက်တွေ့ဆောင်ရွက် ခြင်းဖြင့် ကျေးလက်နေပြည်သူများ နည်းပညာများ ရရှိ၍  ငါးမွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ လူမှု ဘဝမြင့်မားလာစေရန်   ရည်ရွယ်၍     အခြေခံငါး မွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး    သင်တန်းဖွင့်ပွဲ     အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အောက် တိုဘာ  ၃၁  ရက်  နံနက်က မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသည်။ 

 


အခမ်းအနားတွင် မောင်တောခရိုင် ငါးလုပ်ငန်း ဦးစီးဌာန    ခရိုင်တာဝန်ခံ   ဦးညီထွေးက  အမှာ စကားပြောကြားပြီး   မောင်တောခရိုင်  ငါးလုပ်ငန်း ဦးစီးဌာန ရုံးဝန်ထမ်းများနှင့် သင်တန်းသား ၁၈ ဦး တက်ရောက်ကာ အဆိုပါသင်တန်းကို နှစ်ရက်ကြာ ပို့ချပေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်