မော်လမြိုင်မြို့၌ တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

 

မော်လမြိုင်    ဩဂုတ်  ၃၀


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ၏       လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီး ကျင်းပသော   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အထိမ်းအမှတ်   တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 သီချင်း သီဆိုမှုပြိုင်ပွဲတွင်   မွန်ပြည်နယ် ကိုယ်စားပြု  ဝင်ရောက်ယှဉ်ပြိုင် မည့် ပြိုင်ပွဲဝင်  သုံးဦးအား  ဂုဏ်ပြု ထောက်ပံ့ငွေ    ပေးအပ်သည့် အခမ်းအနားကို  ယနေ့နံနက် ၉ နာရီခန့်က      မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 


ဂုဏ်ပြုထောက်ပံငွေ ပေးအပ် ရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက  ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ဝင်   သုံးဦးအနေဖြင့်  မိမိတို့ ပြည်နယ်၏ဂုဏ်ကို   ဆောင်နိုင် အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲအတွက်    လိုအပ်သော ထောက်ပံ့မှုများကိုလည်း  မိမိတို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှနေ၍ ထောက်ပံ့ပေးသွားမည်    ဖြစ် ကြောင်း၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲ ဖြစ်သည့်အတွက်   အစွမ်းကုန် ကြိုးစားကြရန်လိုကြောင်း ပြော ကြားသည်။

 


ထို့နောက်  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြု အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတ ပွဲတော် Season-2 သီချင်းသီဆိုမှု ပြိုင်ပွဲသို့   သွားရောက်ယှဉ်ပြိုင် မည့် အဆိုရှင် သုံးဦးက စိတ်ကြိုက် တေးသီချင်းများဖြင့်       သီဆို ဖျော်ဖြေခဲ့ကြပြီး    ပြိုင်ပွဲ၀င်ရန် အတွက်    ထောက်ပံ့ငွေကျပ် ၃၂၀၀၀၀၀    ကို     ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန   ဒုတိယညွှန်ကြား ရေးမှူး     ဒေါ်စမ်းစမ်းနွယ်အား လည်းကောင်း(ဝဲပုံ)၊       ပြိုင်ပွဲဝင် တစ်ဦးအတွက် ငွေကျပ်  ၆၀၀၀၀၀ ကို ပြိုင်ပွဲ၀င်  မအေးသက်ထားဇော် အား လည်းကောင်း     ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ထောက်ပံ့ပေးအပ်သည်။ 

 


ထိုနောက်        ပြည်နယ် လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် က    မွန်ပြည်နယ် ကိုယ်စားပြု ၀င်ရောက်မည့်        ပြိုင်ပွဲ၀င်    မသဲယွန်းလွှာအား လည်းကောင်း၊   ပြည်နယ်      လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က      မွန်ပြည်နယ် ကိုယ်စားပြု       ၀င်ရောက်မည့် ပြိုင်ပွဲ၀င်   မရွှေစင်ကြယ်အား လည်းကောင်း၊       မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး  ဦးတိုး၀င်းက  ပြိုင်ပွဲ၀င် သုံးဦး အတွက်        ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀     စီကိုလည်းကောင်း     ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)