
နေပြည်တော် နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုးများ၏ နေအိမ်အသီးသီးတို့၌ ယာယီနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူများအနက်မှ ၎င်းတို့၏ မူလနေရပ်ဖြစ်သော လက္ကာကျေးရွာသို့ ပြန်လည်နေထိုင်လိုသည့် အိမ်ထောင်စု ၃၂၂ စု၊ လူဦးရေစုစုပေါင်း ၁၅၅၅ ဦးတို့အား အောက်တိုဘာ ၂၆ ရက်က ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အဆိုပါကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ လက္ကာကျေးရွာသို့ ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ် ပြန် တိုက်ပွဲရှောင်ပြည်သူများ၏ စားသောက်နေထိုင်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှု ဖြင့် မြောက်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီး ဌာနမှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က အိမ်ထောင်စု တစ်စု လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး၊ တာပေါ်လင်စတစ်စ၊ ဆန် တစ်လ စာ၊ ပြောင်းရွှေ့စရိတ် ငွေကျပ် တစ်သိန်းကျပ်နှုန်းတို့ဖြင့် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာတာဝန်ခံများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်