မြောက်ဦးမြို့မှ နေရပ်စွန့်ခွာသူများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင်များ ထောက်ပံ့

စစ်တွေ  အောက်တိုဘာ ၃
ရခိုင်ပြည်နယ်         ဝန်ကြီးချုပ် ဒေါက်တာ    အောင်ကျော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  မြောက်ဦး မြို့ သျှစ်သောင်းပရိယတ္တိ  ဘုန်း တော်ကြီးကျောင်း၊ မြတန်ဆောင်း ပညာဒါနကျောင်းနှင့်    မင်္ဂလာ အောင်စေတီဘုရား       နေရပ်စွန့်ခွာ စခန်းများမှ       နေရပ်စွန့်ခွာ သူများအား  စက်တင်ဘာ ၃၀ ရက်က   သွားရောက်တွေ့ဆုံကာ စားသောက်ကုန်နှင့်      အသုံး အဆောင်များ   ထောက်ပံ့ပေးအပ် သည်။


နေရပ်စွန့်ခွာသူများအတွက် ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ဆား၊ ကြက်ဥ၊    အဝတ်အထည်များ၊ အမျိုးသမီးသုံးပစ္စည်းများ၊ ဖိနပ် များနှင့်   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ရေးသုံး   ပစ္စည်းများကို  ထောက်ပံ့    ပေးအပ်ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာစခန်းနေ    ပြည်သူ များအား      ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု   လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုကိုလည်း   ကြည့်ရှု အားပေးသည်။ 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မြောက်ဦးမြို့နယ် ပြည်သူ့ ဆေးရုံ၌  ကျန်းမာရေးဝန်ထမ်း များအား   ဂုဏ်ပြုငွေနှင့်  ဂုဏ်ပြု မှတ်တမ်းချီးမြှင့်   ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်        စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  ပစ္စည်း များ      ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့လည်း      တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများအတွက်  ဂုဏ်ပြုငွေကျပ်သိန်း  ၂၀  နှင့် ဂုဏ်ပြုမှတ်တမ်း၊  အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေကျပ်သိန်း ၁၀၀ တို့ကို ပေးအပ်သည်။


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်နှင့်         အဖွဲ့သည် မြောက်ဦးမြို့နယ်  လောင်းကြပ် ကျေးရွာအနီး  ပီပင်ရင်းစိုက်ပျိုး ပညာပေးစခန်း၌        ဒေသခံ တောင်သူများနှင့်  သွားရောက် တွေ့ဆုံရာ      ဒေသခံတောင်သူ များက    လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်    ဒေသဆန်၊ စပါးများ   မျိုးကောင်း   မျိုးသန့် ရရှိရေး၊ ဈေးကွက်သို့  ထိုးဖောက် ရောင်းချနိုင်ရေး လိုအပ်ချက်များ ကို တင်ပြကြပြီး  ပြည်နယ်ဝန်ကြီး ချုပ်နှင့်  ဝန်ကြီးများက  ပြန်လည် ရှင်းလင်းဆွေးနွေး၍   စိုက်ပျိုးရေး ပညာပေးစခန်းအတွင်း    မျိုးစေ့ နမူနာများနှင့်  သဘာဝမြေဩဇာ နှင့်     ဓာတ်မြေဩဇာနမူနာများ ပြသထားရှိမှုများကို   လှည့်လည် ကြည့်ရှုသည်။         ထို့နောက်     ပြည်နယ်ဝန်ကြီးချုပ်နှင့်        အဖွဲ့ သည် မြောက်ဦးမြို့     မြို့တော် ခန်းမ၌ အသက် ၄၅ နှစ်နှင့်အထက်  ဒေသခံ ပြည်သူများအား    ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး နေမှုများကို      ကြည့်ရှုအားပေး သည်။        

တင်ထွန်း(ပြန်/ဆက်)