မြစ်သာမြစ်ရေ ကလေးမြို့တွင် စိုးရိမ်ရေမှတ်ရောက်နိုင်

 

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ 
သတိပြုရန်

 

နေပြည်တော် အောက်တိုဘာ ၄


ယနေ့မွန်းလွဲ  ၁  နာရီခွဲ  တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင် ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

 


သို့ဖြစ်၍      ကလေးမြို့နယ်အတွင်းရှိ     မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                                                  

မိုး/ဇလ