
မြစ်ကြီးနား ဒီဇင်ဘာ ၁၁
မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်၌ ခရစ္စမတ်ပွဲတော် ကာလအတွင်း အများပြည်သူ အပန်းဖြေနိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ဆောင်ရွက် လျက်ရှိသည့် ရောင်စုံစလိုက်မီး များဖြင့် အလှ ဆင်ယင်ထားရှိမှုနှင့် ခရစ္စမတ်သစ်ပင်စိုက်ထူထားရှိမှုတို့ကို ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန် ရှိသူများက ဒီဇင်ဘာ ၈ ရက်က လှည့်လည် ကြည့်ရှုစစ်ဆေး၍ ခရစ္စမတ်ပွဲတော် ရက်အတွင်း ကိုဗစ်စည်းကမ်းနှင့်အညီ နှာခေါင်း စည်းတပ်ဆင်စေခြင်း၊ လက်ဆေး စေခြင်းတို့ကိုဆောင်ရွက်၍ ပြည်သူ များ လုံခြုံမှုရှိစေရေး စီမံဆောင် ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့အပြင် မြစ်ကြီးနား လေဆိပ်ကို သန့်ရှင်းသာယာလှပ သည့် နေရာတစ်ခုဖြစ်စေရေး အတွက် လေဆိပ်ရှေ့၌ ပန်းခြံငယ် အလှဆင်ခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကိုလည်း သွားရောက် ကြည့်ရှုကာ ပန်းခြံငယ်ဖြစ်ပေါ် လာရေးအတွက် မြေယာရှုခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှု၊ အလှမီးတိုင်များ၊ ကားပါကင်နှင့် အုတ်ရေမြောင်း၊ ရေမြောင်းဖုံးများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က မြစ်ကြီးနားလေဆိပ်သည် ပြည်နယ်၏ တံခါးတစ်ချပ်သဖွယ် ဖြစ်သည့်အတွက် ပြည်နယ် သို့ လာရောက်သူအားလုံး၏ မြင်ကွင်းတွင် သန့်ရှင်းသာယာ လှပသည့် နေရာတစ်ခု အဖြစ် ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။
ပြည်နယ်(ပြန်/ဆက်)