
မြစ်ကြီးနား ဧပြီ ၂၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာ တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့်အညီ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနား ကို ခမ်းနားစည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် က ယခုနှစ် ကဆုန်ညောင်ရေ သွန်းလောင်းပွဲတော်ကို ယခင်နှစ် များနှင့်မတူ အများပြည်သူ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း တိုက်တွန်း မှာကြား သည်။
ထို့နောက် ပြည်နယ်လူမှု ရေးရာဝန်ကြီးက ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည့်အစီအစဉ်များ ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြ သည့် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် အစီအစဉ် များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်သည် ဧပြီ ၂၉ ရက် နံနက်ပိုင်း က ပြည်နယ်ဝန်ကြီးများ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် (၂)မြို့မဈေး၊ ရေစင်ကွင်းဈေး တို့တွင် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများ အား လတ်တလော အိမ်နီးချင်း နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေ အနေကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ နှာခေါင်းစည်းများ စနစ် တကျ တပ်ဆင်သွားလာရေး အသိ ပညာပေးခြင်းနှင့် နှာခေါင်းစည်း များကို အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)