မြစိမ်းရောင်စီမံကိန်း ကျေးရွာ ကိုးရွာတွင် Mobile Financial Payment စနစ်ဖြင့် ချေးငွေထုတ်ယူနိုင်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပ

 

နေပြည်တော်    ဇူလိုင်    ၂၇


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရွှေ    (ကျေးလက်နှင့်   မြို့ပြ)   ဖွံ့ဖြိုးတိုးတက်ရေး    ဘဏ်လီမိတက်    (Shwe Bank) တို့ ပူးပေါင်း၍ မြစိမ်းရောင်  စီမံကိန်းကျေးရွာ ကိုးရွာတွင်  Mobile Financial Payment  စနစ်ဖြင့်  ချေးငွေထုတ်ယူနိုင် ရေး  သဘောတူစာချုပ်  လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၃၆) ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌  ကျင်းပသည်။ 

 


ဦးစွာ    ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်    ဦးသိန်းလွင်က  အဖွင့်အမှာစကား ပြောကြားသည်။ 

 


ထို့နောက် ရွှေ  (ကျေးလက်နှင့် မြို့ပြ)  ဖွံ့ဖြိုး တိုးတက်ရေးဘဏ်လီမိတက်   (Shwe    Bank)  မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ပြီး   ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်     ဦးသိန်းလွင်နှင့်      ရွှေ  (ကျေးလက်နှင့်  မြို့ပြ)  ဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက်မှ  အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်သက်ဦး တို့က  မြစိမ်းရောင်စီမံကိန်းကျေးရွာ    ကိုးရွာတွင်    မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း လုပ်ငန်းဖြင့် ချေးငွေထုတ်ယူနိုင်ရေး ရှေးပြေးဆောင် ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အား    နှစ်ဦးနှစ်ဖက်   လက်မှတ်     ရေးထိုးကြသည်။

 


လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့်  ရွှေ (ကျေးလက်နှင့်    မြို့ပြ)   ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်  (Shwe Bank) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။         

 

သတင်းစဉ်