
နေပြည်တော် နိုဝင်ဘာ ၂၅
ကျေးလက်နေအိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို တိုးမြှင့်ပေးနိုင်ရေးနှင့် မျှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ် လျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် မည့် ဒေသများရှိ ကျေးလက်နေ အိမ်ထောင်စုများ အကြား ထိရောက်သည့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေ ရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း စတင် ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
ဦးတည်ဆောင်ရွက်ရမည်
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ၏ ရည်မှန်းချက်ဖြစ်သည့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက် ရာတွင် တောင်သူလယ်သမားများ၏ ထုတ်လုပ်မှု စွမ်းအားမြင့်မားလာခြင်းနှင့်အတူ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေ ရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျေးလက်နေအိမ်ထောင်စုများ၏ ဝင်ငွေတိုးမြှင့်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး တို့ကိုဦးတည်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ များတွင် အထူးအလေးထား ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်းမှာ မျှစ်ဈေးကွက်ဆိုင်ရာ လေ့လာမှုကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအတွက် ဈေးကွက်ရရှိရေး အထောက်အကူပြုပေးခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဝါးစိုက်ပျိုးခြင်းနှင့် မျှစ်ထုတ်လုပ်ခြင်း ဆိုင်ရာ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ယခုစီမံကိန်း၏ မျှော်မှန်းရလဒ်အနေ ဖြင့် ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင် နှင့်ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှု တိုးမြှင့်ပေးနိုင်ရေး၊ မျှစ်စိုက်ပျိုး ထုတ်လုပ်မှု တန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးတို့ ဖြစ်ပါကြောင်း၊ စီမံကိန်း၏ နှစ်နှစ်တာကာလအတွင်း မျှစ်စိုက်ပျိုး ထုတ်လုပ်သူ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှု ဘဝနှင့် ဈေးကွက်အခွင့်အလမ်းများ လေ့လာခြင်း၊ မျှစ်စိုက်ပျိုးထုတ်လုပ်သူအဖွဲ့များ ဖွဲ့စည်းခြင်း၊ နေပြည်တော်အတွင်း သရုပ်ပြစိုက်ကွင်းများထူထောင် ခြင်းနှင့် မျှစ်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် သွားရာတွင် မိမိတို့ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်း၍ မဲခေါင်-လန်ချန်းစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု ကိုလျှော့ချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက Key Note Presentation ကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူး ဒေါ်ခင်မာဦးက စီမံကိန်းမိတ်ဆက်ခြင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ ဝါးအဆင့်မြင့်ကုန်ချောထုတ်လုပ်ခြင်း၊ မျှစ်ထုတ်လုပ် ရေးအတွက် ဝါးစိုက်ခင်းတည်ထောင်ခြင်း၊ တန်ဖိုး မြင့် မျှစ်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ထုပ်ပိုးခြင်း ဆိုင်ရာများ၊ ဝါးပျိုးခြံနှင့် ဝါးစိုက်ခင်းစီမံခန့်ခွဲမှု၊ အရည်အသွေးမြှင့် မျှစ်ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပဈေးကွက်၊ စွမ်းဆောင်ရည်မြှင့်တင် ရေးဆိုင်ရာ သင်တန်းများစသည့်ကဏ္ဍများကို အုပ်စု အလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်