မဲခေါင်ဒေသနိုင်ငံများအတွင်းရှိ ကျွန်းပေါက်ရောက်နေသော သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်းနှင့် တရားဝင်သစ်ထောက်ပံ့မှုကွင်းဆက် ရေရှည်တည်တံ့မှုမြှင့်တင်ရေးစီမံကိန်း၏ အပြီးသတ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   စက်တင်ဘာ  ၂၇ 


ယခုစီမံကိန်းသည်   မဲခေါင်ဒေသ တွင်းရှိ  မြန်မာ၊  ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့်  ဗီယက်နမ်နိုင်ငံ စသည့်   နိုင်ငံ ၅ နိုင်ငံတို့  အတူ တကွ  ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်နေသည့်   ဒေသ အဆင့်         စီမံကိန်းတစ်ခုဖြစ် ကြောင်း၊   သစ်တောဦးစီးဌာနနှင့်  International Tropical Timber Organization-ITTO တို့ပူးပေါင်း ပြီး       စီမံကိန်းကာလအတွင်း ကျွန်းမျိုးသန့်ပင်များ ရှာဖွေခြင်း၊ သစ်စေ့ထုတ်ဧရိယာများ၊ မျိုးသန့် ဥယျာဉ်များ၊   ခန္ဓာပိုင်းမျိုးထုတ် ဥယျာဉ်များ၊  ဒေသမျိုးရင်းစမ်းသပ် ကွက်များ၊  စိုက်ပျိုးပင်  အမျိုးမျိုး စမ်းသပ်ကွက်များ   တည်ထောင် ခြင်း   စသည်တို့ကို   တည်ထောင် နိုင်ခဲ့ပြီး    သစ်တောသုတေသန စခန်းများဖြစ်သည့်    အမှတ်(၅) မိုးစွေစခန်းနှင့် အမှတ်(၇)လက်ပံခုံ စခန်းများတွင်      ပြုစုထိန်းသိမ်း ထားရှိကြောင်း   ဒုတိယဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။

 


မဲခေါင်ဒေသ        နိုင်ငံများ အတွင်းရှိ   ကျွန်းပေါက်ရောက်နေ သော        သစ်တောများအား ထိန်းသိမ်း         ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေရန်      စီမံ အုပ်ချုပ်ခြင်းနှင့်   တရားဝင်သစ် ထောက်ပံ့မှုကွင်းဆက်   ရေရှည် တည်တံ့မှုမြှင့်တင်ရေး” (Interna-tional   Tropical     Timber Organization-ITTO-Mekong -Teak Project)        စီမံကိန်း၏ အပြီးသတ်အလုပ်ရုံ    ဆွေးနွေးပွဲ ကို    ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်   Grand Amara ဟိုတယ်၌         ကျင်းပရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးထွန်းအုံက ယင်းသို့    ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍   ကမ္ဘာပေါ်တွင် သဘာဝကျွန်းပေါက်ရောက်သည့်  နိုင်ငံ ၄ နိုင်ငံရှိပြီး မြန်မာနိုင်ငံသည် အဆိုပါနိုင်ငံများအနက် တစ်နိုင်ငံ ပါဝင်သည့်အပြင်      ရှေးယခင် မင်းများ လက်ထက်ကတည်းကပင် ကျွန်းတောများကို စနစ်တကျစီမံအုပ်ချုပ်ခဲ့ကြကြောင်း၊   ယခုအခါ တစ်နိုင်ငံလုံးအနေဖြင့်  ကျွန်းနှင့် သစ်မာထုတ်လုပ်မှုကို  ရပ်နားပေး ထားပြီး  သစ်တောသယံဇာတများ ပြုစုထိန်းသိမ်းရန်အတွက်   နိုင်ငံ တကာနှင့်   ပူးပေါင်းဆောင်ရွက် လျက်ရှိရာ    ယခုစီမံကိန်းသည် တစ်ခုအပါအဝင်   ဖြစ်ကြောင်း၊ ကျွန်းမျိုးရိုးဗီဇများ   ထိန်းသိမ်း ရေးနှင့်     မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးအတွက်   သစ်တော ဝန်ထမ်းများအပြင် ဒေသခံပြည်သူ များ၏   စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရန် သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီမံကိန်းပြီးစီးပြီ ဖြစ်သည့်အတွက်    ဤအလုပ်ရုံ ဆွေးနွေးပွဲမှ    စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု   အခြေအနေ များနှင့်ရလဒ်များ၊  အတွေ့အကြုံ များနှင့် ကျွန်းအပါအဝင် သစ်တော သယံဇာတများ   ထိန်းသိမ်းရေး လုပ်ငန်းများ၊   Timber Legality လုပ်ငန်းများအတွက် အကြံဉာဏ် များ၊        ဆွေးနွေးမှုများရရှိကြ၍ ဌာနအတွက်သာမက      နိုင်ငံ့ အတွက်ပါ အကျိုးရှိသည့်ဆွေးနွေး မှုရလဒ်များ        ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း       ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။ 

 


အခမ်းအနားသို့ သယံဇာတ နှင့်       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊    အမြဲတမ်း အတွင်းဝန်    ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊   ပါမောက္ခ ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန      ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်   တာဝန် ရှိသူများ၊   သစ်တောသုတေသန ဌာနမှ သုတေသီများနှင့် ဖိတ်ကြား ထားသူများ    တက်ရောက်ကြ ကြောင်း သိရသည်။  

သတင်းစဉ်