
အင်္ဂပူ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ဗိုလ်အောင်ကျော်ဈေးရှေ့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဖြင့် ယနေ့နံနက် ၆ နာရီက ရောင်းချပေးခဲ့သည်။
အခြေခံစားသောက်ကုန်များရောင်းချခြင်းကို အင်္ဂပူမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ဆန်အိတ် ၁၀ အိတ်၊ ကြက်ဥ သုံးလုံးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ကြက်ဥအလုံး ၁၀၀၀ နှင့် လတ်ဆတ် သော ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့က ကြည့်ရှုအားပေး ခဲ့ပြီး အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)